🚴သင်ခန်းစာ(၄၁)🚴🚴🚴
အားဖြင့်..ဟုပေးရသော
တတိယာ ဝိသေသန
ခက်ဆစ်
ဂေါတ္တေန=အနွယ်အားဖြင့်။
၂။ဇာတိယာ=ဇာတ်အားဖြင့်၊ အမျိုးအားဖြင့်၊
၅။ ဇာတိယာ=မွေးဖွားခြင်းအားဖြင့်၊ မွေးသည်မှစ၍
ပကတိယာ=ပင်ကိုယ်အားဖြင့်(နဂိုအတိုင်း မပြု ပြင်ဘဲ) ကုမာရော=မင်းသား၊ အဘိရူပေါ=လွန်ကဲသော အဆင်းရှိ၏။ အလွန်အဆင်းလှ၏။
သောဠသ ဝေဿ _ .ာ =တစ်ဆယ့်ခြောက်နှစ်ရှိသည်။
ကတိဝေဿ _ .ာ အဘယ်နှစ်နှစ် ရှိသနည်း။
ကတိဝေဿ _ .ာ သိ ဟု ပါဠိ စီပါ။
အနက်ပေး
၁။ အမှာကံ ဗုဒ္ဓေါ ဂေါတ္တေန ဂေါတမော နာမ ဟောတိ။
၂။ ဇာတိယာ သာကိယော နာမ ဟောတိ။
၃။ နာမေန သိဒ္ဓတ္ထော နာမ ကုမာရော ဟောတိ။
၎။ ပကတိယာ အဘိရူပေါ။
၅။ ဇာတိယာ သောဠသဝေဿ _ _ာ။
ပါဠိစီရန်
ငါသည် အနွယ်တော်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားကို ရှိခိုးပါ၏၊
ငါတို့သည် ဇာတ်အားဖြင့် သာကိယမည်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏။
သင်သည် ပင်ကိုယ်အားဖြင့် အလွန်အဆင်းလှသော သိဒ္ဓတ္ထ မည်သော မင်းသားကို မြင်သည် မဟုတ်လော။
သင်သည် မွေးဖွားခြင်းအားဖြင့် အဘယ်နှစ်နှစ်ရှိသူနည်း။
ဗလာ စာအုပ်တွင် ရေးသား၍ အလွတ်ကျက်မှတ်ပါ၊
မှတ်ချက်။ ။ လေ့လာလိုသူ သင်ယူလိုသူများအတွက်သာ ဖြစ်ပါကြောင်း.. ......
အရှင်သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်သာမဏေကျော်ကျောင်း
No comments:
Post a Comment