🎯🎯🎯ပါဠိ အခြေခံသင်တန်း 🎯🎯🎯
🚴🚴🚴သင်ခန်းစာ(၄၆)🚴🚴🚴
📕📕📕ကံဟော ဝါကျ 📕📕📕
ဆောင်....
ကတ္တား တတိယာ ကံ ပဌမာ ရံခါ တွေ့ရလျှင်။
ကြိယာ သဘော အပ်..ဟု နှော ကံ..ဟော ဝါကျ တွင်။
အစ..နှစ်သွယ် သူ့တွက်ချယ်၊
အလယ်နှစ်လုံး သင့်တွက်သုံး
အဆုံးနှစ်ချက် ငါ့အတွက်
မှတ်ချက် ကံ..နှင့်ယှဉ်။
အာချာတ် ဝိဘတ်
တေ..အန္တေ၊
သေ..ဝှေ၊
ဧ......မှေ၊
ဂစ ၦီယေတ.. ဂစီ ၦယေႏ ၱ၊
ဂစီ ၦယေသ ...ဂစီ ၦေဝွ၊
ဂစီ ၦေယ .....ဂစီ ၦယာေမွ။
ဝါကျ သည်
ကတ္တား..ဟော ဝါကျ ၊
ကံ...ဟော ဝါကျ ၊ဟု
နှစ်မျိုး ပြား၏။
ကတ္တား..နှင့် ကြိယာ အရတူလျင် ကတ္တား ဟော
ဝါကျ ဖြစ်၏။
ကံ..ပုဒ်နှင့် ကြိယာ ပုဒ် အရတူလျှင် ကံ..ဟော
ဝါကျ ဖြစ်၏။
သွား၏ စား၏ လာ၏...စသည်၌ သွားသော သူကိုသာ ရပေ၏။
သွားသူ စားသူ လာသူ သာ လိုရင်း ပဓာနတည်း။
အသွား ခံရတာကို မရပေ။
အသွားခံ အစားခံ အလာခံ ရသော အရာသည်
လိုရင်း ပဓာန မဟုတ်ပေ။
သွားအပ်၏။ စားအပ်၏။ လာအပ်၏။ စသည်၌ကား
အသွားခံ အစားခံ အလာခံ ရသော အရာ ကို ရပေ၏။
သွားသူ လာသူ စားသူ..သည် လိုရင်းမဟုတ် အဓိက မကျ ပေ။
ကြိယာ ပုဒ်က ဦးစားသော အရာသည်
ကတ္တားဖြစ်က ကတ္တား ဟော တည်း။
ကံ..ဖြစ်က ကံ..ဟော တည်း။
ထိုဟောသော အဟော ခံရသော ပုဒ်ကို
ပဌမာ ဝိတ်ဘတ်ဖြင့် ရေးသားရ၏။
မဟောသော အဟောမခံရသော
ကတ္တားကို တတိယာ ဝိဘတ်၊
အဟောမခံရသော ကံ ကို ဒုတိယာ ဝိဘတ် ဖြင့်
ရေးသားရမည်။
(နောက် ရက်တွင် ဆောင်ပုဒ်ဖြင့်
ထပ်မံကာ ရှင်းပြပါမည်။ )
ပုရိသော မဂံ္ဂ ဂစ္ဆတိ။
ဤကား ကတ္တား ဟော ဝါကျ တည်း။
ဟောသောပုဒ်ကို ပထမာ ဝိဘတ်ဖြင့် ထားရသော ကြောင့်
ပုရိသော ဟု ကတ္တားကို ပထမာဝိဘတ် ထားခဲ့သည်။
မဟောသော ကံ..ကို မဂ္ဂံ... ဟု ဒုတိယာ ဝိဘတ် ထားခဲ့လေသည်။
ထို ဝါကျ ကို ကံဟော ဝါကျ ပြောင်းလိုလျှင်
မဟောသော ကတ္တားကို တတိယာ ဝိဘတ်ထားပါ၊
ပုရိသေန
ဟောသောကံ ကို ပဌမာဖြင့်
မဂ္ဂေါ ဟု ပြင်ပါ၊
ကြိယာပုဒ်ကို ကား ရသော ကံအားကြည့်၍
မဂ္ဂေါ ဟုရှိလေသောကြောင့်
သွား၏ကို
သွားအပ်၏။ ဟုပြင်ရမည်။
ဂစ္ဆနောင်
တေ ဝိဘတ် ..ကံ ဟော ယ ပစ္စည်း
ယ..ကြောင့် ဤလာ၍ ဂစ္ဆီယတေ ဟု ပြင်ပါလေ။
ဂစ ၦ...သြား၊
ဤ ...ယ...ပစ္စည်း...အပ်၊
(ယ..ပစ္စည်းကြောင့် ဤ...လာရမည် )
တေ ဝိဘတ်..၏ ..ဟု အနက် အသီးသီး ပေးရလေသည်။
ပုရိသေန မဂ္ဂေါ ဂစ္ဆီယတေ။
မဂ္ဂေါ နှင့်တေ..
မဂ္ဂါ နှင့် အန္တေ၊
တွံ...သေ
တုမှေ ...ဝှေ
အဟံ..ဧ
မယံ....မှေ
တွဲဖက်ရပေမည်။
ဗလာ စာအုပ်တွင် ရေးသား၍ အလွတ်ကျက်မှတ်ပါ၊
မှတ်ချက်။ ။ လေ့လာလိုသူ သင်ယူလိုသူများအတွက်သာ ဖြစ်ပါကြောင်း.. ......
အရှင်သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်သာမဏေကျော်ကျောင်း
No comments:
Post a Comment