Friday, September 21, 2018

🚴🚴🚴သင်​ခန်းစာ(၄၅)🚴🚴🚴

🎯🎯🎯ပါဠိ အ​ခြေခံသင်​တန်း 🎯🎯🎯

🚴🚴🚴သင်​ခန်းစာ(၄၅)🚴🚴🚴

ပ​မောဒ=လွန်​စွာ ဝမ်း​မြောက်​၊ ပစ္စာဂစ္ဆ=ပြန်​လာ၊ ဇာယမာ​နေ=ဖွားမြင်​လ​သော်​၊ ဘု​တ္တေသု =စားပြီးကုန်​​သော်​၊ ဧဝံ=ဤသို့၊ ဝု​တ္တေ=​ပြောဆိုအပ်​​သော်​၊ ဝုစ္စမာ​နော=​ပြောဆိုအပ်​​သော်​၊ အ​ပြောအဆိုခံရ​သော်​၊ .
ဝိဟရ​န္တော ​နေ​လ​သော်​၊ သီတင်းသုံး​တော်​မူလ​သော်​၊ သီတင်းသုံး​တော်​မူစဉ်​၊ သီတင်းသုံး​တော်​မူခိုက်​၊ သီတင်းသုံး​တော်​မူတုန်း၊ လိခ=​ရေး။ မာန=အန္တ ရှိလျင်​ ပထမာ...ဝိဘတ်​ကိုလည်း ​သော်​ ဟု ​ပေးနိုင်​၏။
အနက်​​ပေးရန်

ေ​ဗာဓိသ​တ္တေ ဇာယမာ​နေ မာတာ ပ​မောဒတိ။
ဘိက္ခူ သု ဘု​တ္တေသု ပုရိ​သော ပစ္စာဂစ္ဆတိ။
ဧဝံ ဝု​တ္တေ ပုရိ​သော ပဋိဝစနံ န​ ​ဒေတိ။
ဧဝံ ဝုစ္စမာ​နော ဒါရ​ကော အာဂစ္ဆတိ။

ပါဠိစီရန်

က​လေးသည်​ ဖွားမြင်​လ​သော် အဖသည်​ လွန်​စွာဝမ်း​မြောက်​၏။
သူငယ်​မသည်​ ထမင်းစားပြီး​သော်​ အမိသည်​ သွား၏။
ငါသည်​ ဂန္ဓာရုံ၌ ​နေလ​သော်​ ဤပါဠိ သိက္ခာကို ​ရေး၏။

လ​သော်​...ကို ...လတ်​​သော်​...ဟုလည်း သုံးနိုင်​ပါသည်​။

ဗလာ စာအုပ်​တွင်​ ​ရေးသား၍ အလွတ်​ကျက်​မှတ်​ပါ၊

မှတ်​ချက်​။ ။ ​လေ့လာလိုသူ သင်​ယူလိုသူများအတွက်​သာ ဖြစ်​ပါ​ကြောင်း.. ......

အရှင်​သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်​သာမ​ဏေ​ကျော်​​ကျောင်း

No comments:

Post a Comment