လက္ခဝါကျ အရတူ/အရကွဲ
လက္ခဏကြိယာ-လက္ချကြိယာတို့၏အရကောက်သည်(ကတ္တား)တူလျှင် အရတူဝါကျဟု မှတ်ပါ။
ပုံစံ-န ဟောန္တိ ခုဒ္ဒကာ ပါဏာ၊ဥပ္ပဇ္ဇန္တာပိ ဒုဂ္ဂတိံ။
ဇာယမာနာ မနုေဿသု၊ဇစ္စန္တာ န ဘဝန္တိ တေ။(အနုသန္ဓေဝါကျများ၌လည်းရှုပါ)
အဘိ၊ဋ္ဌ။၁/၇၂
ရှင်းလင်းချက်။ ။ဥပ္ပဇ္ဇ္ဖန္တာ/ဇာယမာနာ-ဟူသောလက္ခဏကြိယာ၏ အရသည်(ကတ္တား)တေ-(ပဌမာ-ယော၏ ကာရီယ)ဖြစ်၏။
န ဟောန္တိ/န ဘဝန္တိ ဟူသော လက္ချကြိယာ၏အရသည် တေ-ပင်ဖြစ်၏။
ထိုသို့အရတူလျှင် လက္ခဏဝန္တကတ္တား/လက္ခဏကြိယာကို ပဌမာဝိဘတ်ဖြင့်ရေးပါ။
လက္ခဏကြိယာ/လက္ချကြိယာတို့၏ အရကောက်သည်(ကတ္တားသည်)ကွဲပြားလျှင် အရကွဲဝါကျဟု မှတ်ပါ။
ပုံစံ-ဣမသ္မိံ(ဗောဓိသတ္တေ-သည် ဟုစွဲပါ)ဣဒါနိ အညံ ဒေဝလောကံ အနုပဂန္တွာ မနုဿလောကေ ဥပ္ပဇ္ဇိတွာ ဗုဒ္ဓဘာဝံ ပတ္တေ ပုညာနိ ကတွာ စုတာ စုတာ
မနုဿာ ပရိပူရေဿန္တိ။
အဘိ၊ဋ္ဌ။၁/၇၅
ရှင်းလင်းချက်။ ။ပတ္တေ-ဟူသော လက္ခဏကြိယာ၏ အရကောက်(ကတ္တား)သည် ဣမသ္မိံ ဖြစ်၏၊
ပရိပူရေဿန္တိ-ဟူသောလက္ချကြိယာ၏ အရကောက်(ကတ္တား)သည်မနုဿာ ဖြစ်၏။ထိုသို့အရကွဲသော
အရာဌာန၌ လက္ခဏကြိယာ-လက္ခဝန္တကတ္တားကို သတ္တမီဝိဘတ်ဖြင့် ရေးရ၏။
No comments:
Post a Comment