🚴🚴🚴သင်ခန်းစာ(၄၄)🚴🚴🚴
🍥🍥🍥လက္ခဏ...လက္ချ 🍥🍥🍥
သည်...သော် လသော် ဟု အနက်ပေးရန်၊
လက္ခဏ ...လက္ခဏ ဝန္တ
လက္ချ ...လက္ချ ဝန္တ
ဤလေးဝ တကွရှိစမြဲ။
သော်..လသော်မှာ လက္ခဏ၊
နောက်ကြိယာ လက္ချ၊
လက္ခဏ၌ ဆိုက်ရောက်လေငြား
ကံကတ္တား မှတ်သား လက္ခဏဝန္တ၊
လက္ချ ...၌သာ ဆိုက်ပါတုံငြား ကံ..ကတ္တား
မှတ်သား လက္ချ ဝန္တ။
မှတ်သားကြောင်းကြိယာသည် လက္ခဏကြိယာ
မှတ်သားအပ်သော ကြိယာသည် လက္ချ ကြိယာ၊
ဘိက္ခူ သု ဘုတ္တေသု ပုရိသော ပစ္စာဂစ္ဆတိ၊
ဘိက္ခူ သု =ရဟန်းတို့သည်၊ ဘုတ္တေသု=စားပြီးကုန်သော်၊ ပုရိသော=ယောကျာ်းသည်၊ ပစ္စာဂစ္ဆတိ=ပြန်လာ၏။
ရဟန်းတွေ ဆွမ်းစားပြီးချိန်မှာ ယောကျာ်း ပြန်လာတယ်။
ဤဝါကျတွင်လည်း ကြိယာနှစ်မျိုး ပါနေပြန်၏၊
အမှတ်အသား ပြု ရာတွင် သုံးရ၏။ ဘယ်အချိန်မှာ သွားတယ်၊ ဘယ်အချိန်မှာ ပြန်လာတယ်။
စသည်ဖြင့် အမှတ်အသား ပြု တတ်ကြ၏။
ထိုသို့အမှတ်အသား ပြုရာတွင် သုံးရ၏။
အထက်ပါဝါကျကိုကြည့်ပါ....
ဆွမ်းစားခြင်းကြိယာ (ဘုတ္တေသု)နှင့်
ပြန်လာခြင်းကြိယာ( ပစ္စာဂစ္ဆတိ)
နှစ်မျိုးတွေ့ရ၏။
ထိုတွင် လိုရင်းကြိယာကား
ပစ္စာဂစ္ဆတိ၊ တည်း။
ပြန်လာခြင်းကို အခြားသော အမှတ်အသားဖြစ်သော စားခြင်းကြိယာဖြင့်မှတ်သားအပ်၏။
သို့ဖြစ်၍
စားခြင်းကြိယာကား မှတ်သာကြောင်း
ပြန်လာခြင်းကြိယာကား မှတ်သားအပ် အမှတ်သားခံတည်း။
၁။ ဘုတ္တေသု သည်...သော်...ဟုအနက်ပေးအပ်သည်ဖြစ်၍ မှတ်သားကြောင်းဖြစ်သောကြောင့်
လက္ခဏ၊
၂။ ဘိက္ခူ သု သည်....သည်...ဟုအနက်ပေးအပ်သည် ဖြစ်၍ ဘုတ္တေသု..ဟူသော လက္ခဏ..၌ စပ်ရသောကြောင့် လက္ခဏဝန္တ ကတ္တား။
၃။ ပစ္စာဂစ္ဆတိ၊ သည် မှတ်သားအပ်သော ကြိယာဖြစ်သောကြောင့် လက္ချ ကြိယာ၊
၎။ ပုရိသော..သည်...သည်..ဟုအနက်ပေးအပ်သည် ဖြစ်၍ လက္ချကြိယာ၌ စပ်ရသောကြောင့်
လက္ချ ဝန္တ ကတ္တား။
ဤလေးပါးအခွဲ ကို မှတ်သားထားပါလေ ။
ဗလာ စာအုပ်တွင် ရေးသား၍ အလွတ်ကျက်မှတ်ပါ၊
မှတ်ချက်။ ။ လေ့လာလိုသူ သင်ယူလိုသူများအတွက်သာ ဖြစ်ပါကြောင်း.. ......
အရှင်သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်သာမဏေကျော်ကျောင်း
No comments:
Post a Comment