Saturday, September 15, 2018

🚴򽀽򽀽򽀞သင်​ခန်းစာ(၄၂)🚴🚴🚴


🚴򽀽򽀽򽀞သင်​ခန်းစာ(၄၂)🚴🚴🚴

အနာဒရိယ =အနာဒရ

(သည်​..စဉ်​...ဟု အနက်​​ပေး)

အနာဒရိယ..အနာရိယဝန္တ
အနာဒရ....အနာဒရဝန္တ
ဤ​လေးဝ တကွရှိစမြဲ။

စဉ်​..ဟု ​ပေးက အနာဒရိယ
နောက်​ကြိယာ အနာဒရ၊

အနာဒရိယ၌ ဆိုက်​​ရောက်​​လေငြား
ကံ..ကတ္တား မှတ်​သား အနာဒရိယ ဝန္တ၊
အနာဒရ၌ ဆိုက်​ပါတုံငြား ကံ..ကတ္တား
မှတ်​သား အနာဒရ ဝန္တ။

တစ်​ချို့ ဝါကျ များဝယ်​ တစ်​ဝါကျ ထည်းတွင်​ပင်​ ကြိယာ နှစ်​မျိုးပါ​နေတတ်​၏။
ထိုနှစ်​မျိုးတွင်​ အချင်းချင်း စပ်​သွယ်​​နေ​တတ်​ပြီး ငဲ့ကွက်​​နေတတ်​ပြီး မ​လေးစားမှု သ​ဘော​သက်​​ရောက်​​နေလျင်​ ဤ​လေးမျိုး ရတတ်​​ပေ၏။

မ​လေးစားအပ်​..မငဲ့ကွက်​အပ်​(မ​လေးမ​စား အပြု ခံရ​သော ) သ​ဘောရှိလျင်​ အနာဒရိယ။

သူကိုယ်​တိုင်​က မ​လေးစား..မငဲ့ကွက်​လျင်​ အနာဒရ။

ဥပမာဖြင့်​ ရှင်းလင်းပါမည်​။

ပုံစံ....

ဒါရကဿ _ . ရုဒ​တော ပိတာ  ပ​ဗ္ဗဇတိ။

ဒါရကဿ _ . =က​လေးသည်​၊ ရုဒ​တော=ငို​နေစဉ်​၊
ပိတာ=အဖသည်​၊ ပ​ဗ္ဗဇတိ=ရဟန်းပြုသွား၏။

က​လေး ငို​နေတုန်း အ​ဖေဟာ ရဟန်းပြု သွား​လေတယ်​။

ဤပုံစံကို ကြည့်​ပါ

ဤဝါကျ တွင်​ ကြိယာနှစ်​မျိုးပါ​နေ၏။

ငိုခြင်းကြိယာ(ရုဒ​တော)နှင့်
ရဟန်းပြု ခြင်း ကြိယာ(ပ​ဗ္ဗဇတိ) တည်း။

ငို​နေတာက က​လေး (ဒါရက)
ရဟန်းပြု တာက ဖခင်​(ပိတာ)

ဖခင်​ဟာ က​လေး ငို​နေတာကို ထည့်​မတွက်​ မငဲ့ကွက်​​တော့ဘဲ အ​လေးမမူ​တော့ဘဲ ရဟန်းပြု သွားတယ်​တဲ့။

မ​​လေးမစား အပြု ခံရတာက အနာဒရိယ ၊
မ​လေးမစားပြု တာက အနာဒရ။

အချက်​​လေးချက်​ ခွဲပြပါ​တော့မည်​။

၁။ ရုဒ​တော=သည်​ စဉ်​ဟု အနက်​​ပေးအပ်​သည်​ဖြစ်​၍ မ​လေးအပ်​​သော( မ​လေးမစား အပြု ခံရ​သော)
သ​ဘောရှိ​သော ကြိယာဖြစ်​​သော​ကြောင့်​ အနာဒရိယ ကြိယာ။

၂။ ဒါရကဿ _ . သည်​ ....သည်​..ဟု အနက်​​ပေးအပ်​သည်​ ဖြစ်​၍ ရုဒ​တော ဟူ​သော အနာဒရိယ ကြိယာ၌ စပ်​ရ​သော​ကြောင့်​ (ဆိုက်​​ရောက်​​သော​ကြောင့်​) အနာဒရိယ ဝန္တ ဆဋ္ဌီ ကတ္တား။

(ဆဋ္ဌီ ဝိဘတ်​ ဖြစ်​ကာ  ကတ္တား ဖြစ်​​နေ​သော်​လည်း မ​ဟော​သော​ကြောင့်​ ဆဋ္ဌီ အဝုတ္တ ကတ္တား။)

၃။ ပ​ဗ္ဗဇတိ ကြိယာသည်​ မ​လေးစားခြင်း မငဲ့ကွက်​ခြင်း သ​ဘောပါ​သော ကြိယာဖြစ်​​သော​ကြောင့်​ အနာဒရ ကြိယာ။

၎။ ပိတာ..သည်​ သည်​..ဟု အနက်​​ပေးအပ်​သည်​ ဖြစ်​၍ ပ​ဗ္ဗဇတိ ဟူ ​သော အနာဒရကြိယာ၌ စပ်​ရ​သော ကတ္တားဖြစ်​​သော​ကြောင့်​ အနာဒရဝန္တ ဝုတ္တကတ္တား။

ဤဝါကျ တွင်​ လိုရင်းကြိယာ ပ​ဓာန ကြိယာကား
ပ​ဗ္ဗဇတိ တည်း။

ထိုပဓာန ကြိယာက ​ဟောလျင်​ ဝုတ္တ။
မ​ဟောလျင်​ အဝုတ္တ။

ရဟန်းပြု တာက ဖခင်​တည်း ၊
က​လေးမဟုတ်​​ပေ။

ထို့​ကြောင့်
ပိတာသည်​ ဝုတ္တကတ္တား။
ဒါရကဿ _ . ..အဝုတ္တ ကတ္တား။

ဤ​လေးချက်အခွဲကို ​သေချာနားလည်​​အောင်
သ​ဘော​ပေါက်​​အောင်​ ခွဲတတ်​​အောင်​ ​လေ့လာပါ​လေ စဉ်းစားပါ​လေ ​တွေး​တောကြံဆပါ​လေ။

အ​မေက ​ပြောဆို​နေတုန်း သားသည်​ အိမ်​မှ ထွက်​သွား၏။

စသည်​ဖြင့်​ ချဲ့ထွင်​ကာ စဉ်းစားလို့ရ​ပေသည်​။

ဗလာ စာအုပ်​တွင်​ ​ရေးသား၍ အလွတ်​ကျက်​မှတ်​ပါ၊

မှတ်​ချက်​။ ။ ​လေ့လာလိုသူ သင်​ယူလိုသူများအတွက်​သာ ဖြစ်​ပါ​ကြောင်း.. ......

အရှင်​သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်​သာမ​ဏေ​ကျော်​​ကျောင်း

No comments:

Post a Comment