Friday, September 7, 2018
ပါဠိ စာ​ပေကို ဒီလို ​လေ့လာရ​အောင်​။ (တတိယပိုင်း)
ပါဠိ စာ​ပေကို ဒီလို ​လေ့လာရ​အောင်​။
       (တတိယပိုင်း)
      - - - - - - - - - - - - -
၁။ဓည - ​ကောက်​ ပဲ (စသည်​တို့၏။)
     အမ္ဗိလ - အချဉ်​​ရေ ၊
     ဓညအမ္ဗိလ - ပုန်းရည်​ကြီး ။
၂။ သူပ - ဟင်း ( မျိုးစုံ ကို ) ၊
     ကာရ - ချက်​ပြုတ်​ တတ်​သူ ၊
     သူပကာရ - စားဖိုမှူး ။
၃။ မာယာ - လှည့်​ပတ်​ ခြင်း ကို ၊
      ကာရ - ပြုလုပ်​ တတ်​သူ ၊
      မယာကာရ - မျက်​လှည့်​ဆရာ ။
၎။ ဣန္ဒ - သိကြားမင်း  ၏ ၊
      ဇာလိက -ပိုက်​ကွန်​ ၊
       ဣန္ဒဇာလိက - မျက်​လှည့်​ ဆရာ ။
၅။ ယုဂ - နှစ်​ခု အစုံ အစုံ ၊
     ပတ္တ - အရွက်​ ။
      ယုဂပတ္တ - စွယ်​​တော်​ရွက်​ ။
(နှစ်​မွှာ​ပေါင်းမှ-တစ်​ရွက်​ ,- စွယ်​​တော်​ရွက်​:)
၆။ ဝါတ - ​လေ ( ​ရောဂါ ကို) ။
      ဃာတက - သတ်​ဖြတ်​သည်​ ၊
      ဝါတဃာတက - ငု​ရွှေဝါပင်​။
(​လေ​ရောဂါကို ​ပျောက်​ကင်း​အောင်
  ပြုလုပ်​​ပေးနိုင်​​သော ​ဆေးငု​ရွှေဝါပင်​) ။
၇။ ရာဇ -မင်း - ရှင်​ဘုရင်​။
     ရုက္ခ - သစ်​ပင်​ ။
     ရာဇရုက္ခ - ငု​ရွှေဝါပင်​။
၈။ ဗျာဓိ - အနာ​ရောဂါကို ၊
      ဃာတက - သတ်​ဖြတ်​သည်​ ၊
      ဗျာဓိဃာတက - ငု​ရွှေဝါပင်​။
၉။ ဒန္တ- သွားကို ၊
      သဋ္ဌ - ကြိမ်းသွား​စေသည်​ ၊
     ဒန္တသဋ္ဌ - သံပုရာသီး ။
၁၀။ မဓု - ပျားရည်​ ကဲ့သို့ ချို​သော ၊
        ဒုမ - သစ်​ပင်​ ၊
        မဓုဒုမ - မယ်​ဇယ်​ပင်​(နတ်​ပန်းပင်​)။
၁၁။ သတ္တ - ခုနစ်​ ၊
        ပဏ္ဏိ - အရွက်​ (ရှိ​သော)၊
        သတ္တပဏ္ဏိ- ​တောင်​မရိုးပင်​။
၁၂။ အဿ - မြင်း ၊
        ကဏ္ဏ. - နားရွက်​ ၊
        အဿကဏ္ဏ. -အင်​ကြင်းပင်​ ။
(မြင်းနားရွက်​နှင့်​တူ​သော အရွက်​ရှိ​သော
  အင်​ကြင်းပင်​:) ။
၁၃။ ​ဒေဝ - နတ်​ ၊
        ဒါရု - သစ်​ပင်​ ၊
၁၄။ ကဏ္ဌကီ - အစူးရှိ​သော။
        ဖလ - သစ်​သီး ။
        ကဏ္ဌကီဖလ - ပိန္နဲသီး၊(ဒူရင်းသီး)
၁၅။ ဘယ - ​ဘေး  ​ရောဂါ ။
         အ (နတ္ထိက) - မရှိ (​သော အသီး)။
         အဘယ - ဖန်းခါးသီး ။
၁၆။ မတ - ​သေခြင်းတရား ၊
        အ (နတ္ထိက) - မရှိ​ ( ​သော အသီး)။
        အမတ - ဇီးဖြူသီး (သျှစ်​ရှားသီး)။
၁၇။ ဒီဃ - ရှည်​လျားခြင်း။
        ဝန္တ - ရှိ​သော ( အသီး )။
         ဒီဃဝန္တ - ​ကြောင်​လျှာသီး ။
၁၈။ နာဂ - နဂါး (ရဟန်း)။
         မာလိက - ပန်း ပင်​ ။
        နာဂမာလိကာ - ဂန့်​​ကော်​ပင်​။
၁၉။ ဝန - ​တော ။
        မလ္လိကာ - စံပါယ်​ ။
      ဝနမလ္လိကာ - ​တောစံပယ်​(​တောကြက်​ရုံး)
၂၀။ ဗန္ဓု - ​ဆွေမျိုး။
        ဇီဝိတ - အသက်​ ။
        ဗန္ဓု ဇီဝိတ - မိုး​စွေပန်း။
       (ဆက်​လက်​၍ ​ဖော်​ပြပါဦမည်​)
အရှင်​ဉာဏာဝုဓ
No comments:
Post a Comment