Saturday, September 1, 2018

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၉)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၉)

ဝါကျများအ​ကြောင်းကို ​လေ့လာသင်​ယူတဲ့အခါ
ကတ္တား၊ကံဝါကျများအပြင်​ ကာရိတ်​ဝါကျများ
အ​ကြောင်းကိုပါ သင်​ယူထားဖို့လိုပါသည်​။

ပါဠိဘာသာဖြင့်​ ​ဖြေဆိုတဲ့အခါ
ဘယ်​လိုဝါကျ ​ရေးနည်းမျိုး ဖြစ်​ပါ​စေ
အခက်​ခဲ တစ်​စုံတရာ မရှိရ​လေ​အောင်
ပြည့်​ပြည့်​စုံစုံ ​လေ့လာသင်​ယူထားဖို့လိုအပ်​သည်​။

အာချာတ်​၊ကိတ်​တို့၏ကတ္တား​ဟောကံ​ဟော၊
ဝါကျများအ​ကြောင်း ​ရေးပြီး​နောက်
ယင်းတို့၏ ကာရိတ်​ကတ္တား ​ဟောဝါကျ အ​ကြောင်း
ဆက်​လက်​ ​ရေးသားပါဦးမည်​။

ကာရိတ်​ကတ္တား​ဟောဝါကျဆိုသည်​မှာ
"လုပ်​​စေ၊သင်​​စေ"၊စသည်​ဖြင့်
"​စေ"ပါ​သောဝါကျများကို​ခေါ်သည်​။

ယင်းကာရိတ်​ဝါကျတွင်
၁။ကြိယာတွင်​ ​ဏေ၊ဏယ၊ဏာ​ပေ၊ဏာပယ၊၄ ပစ္စည်း
တစ်​ခုခုသက်​ပါ။
၂။ယင်းတို့၏ ပစ္စည်းများ​ကြောင့်​"ဝုဒ္ဓိ"လာပါ။

၃။ယင်းကာရိတ်​ပစ္စည်း​ကြောင့်​ ကံ တစ်​ခု အပိုလာရသည်​။

၎။"ကာရိတ်​ကံမှာ ဒုတိယာနှင့်​ တတိယှာဆဋ္ဌီ" နှင့်​ အညီ
ကာရိတ်​ကံမှာ ဝိဘတ်​ ၃ ခု သက်​ပါ။

အောက်​ပါ
အကမ္မကဓာတ်​(ကံမရှိ​သောဓာတ်​)
ကာရိတ်​ကံ​ကြောင့်​ "ကံ" အပိုရှိလာပုံ​လေ့လာကြည့်​ပါ။

ဥပမာ-
သာမ​ဏေ​ရော သယတိ။(အကမ္မကဓာတ်​)
အာစရိ​ယော သာမ​ဏေရံ သယာ​ပေတိ။

ဧကကမ္မကက​နေ ကာရိတ်​​ကြောင့်​ ဒွိကမ္မက ဖြစ်​ပုံ
ဥပမာ-
ပုရိ​သော ကမ္မံ က​ရောတိ။
ပုရိ​သော ဣတ္ထိံ ကမ္မံ ကာ​ရေတိ။

ဒွိကမ္မက ဖြစ်​လာပုံ-
ဥပမာ-
ပုရိ​သော နာဝံ ဂါမံ ​နေတိ။
ပုရိ​သော နာဝံ ဂါမံ ဒါရကံ နယာ​ပေတိ။
*အမှာ-
နာမ၊တုမှ၊အမှ၊ဧကဝုစ်​၊ဗဟုဝုစ်​ လိုသလို​ပြောင်း​ရေးပါ။

ကာရိတ်​ ကတ္တား​ဟော ပြဆိုပြီးလျှင်
ကာရိတ်​ ကံ​ဟော ဝါကျကို အကျဉ်းမျှ ပြဆိုမည်​။

ကာရိတ်​ကံ​ဟော၌-
၁။ကာရိတ်​ကံကို ပထမာ ဖြင့်​​ရေးပါ။
၂။ကာရိတ်​ကတ္တားကို တတိယာဖြင့်​​ရေးပါ။
၃။ဓာတ်​ကံကို ဒုတိယာဖြင့်​​ရေးပါ။

ဥပမာ-
အာစရိ​ယေန သာမ​ဏေ​ရော သယာပီယ​တေ။(အကမ္မက)
ပုရိ​သေန ဣတ္ထီ ကမ္မံ ကာရာပီယ​တေ။(ဧကကမ္မက)
ပုရိ​သေန ဒါရ​ကော နာဝံ ဂါမံ နယာပီယ​တေ။(ဒွိကမ္မက)

ကာရိတ်​​ဘော​ဟောဝါကျ၌
၁။ကြိယာကို ကံ​ဟောမှာကဲ့သို့​ရေးပါ။
၂၊ကာရိတ်​ကံကို ဒုတိယာ၊တတိယာ၊ဆဋ္ဌီဖြင့်​​ရေးပါ။
၃။ဓာတ်​ကံကို ရိုးရိုး ကံ​ဟောမှာကဲ့သို့
ဒုတိယာ၊ဆဋ္ဌီဖြင့်​​ရေးပါ။ အကြွင်းကို နည်းမှီသိပါ​လေ။

လက်​ဆက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment