Friday, September 28, 2018

''အဇ္ဇေဝ ကိစ္စ'မာတပ္ပံ ''

''အဇ္ဇေဝ ကိစ္စ'မာတပ္ပံ ''

ဥပရိပဏ္ဏာသ နှင့် အပါဒါန် ပါဠိတော်တွင်ပါရှိပါသည် ။

ဓမ္မပဒစသော အဋ္ဌကထာများကလည်း ကိုးကားကြပါသည် ။

ဇာတ်အဋ္ဌကထာ ၆ တွင် ပ သံယုဂ်မဲ့ အာတပံ ဟု ရှိပါသည် ။
သန္ဓိမစပ်ဘဲ ကိစ္စံ အာတပ္ပံ ဟု မူကွဲလည်းရှိပါသည် ။

ကိစ္စံ ကာတဗ္ဗံ ဟု မရှိပါ ။

အာတပ / အာတပ္ပံ အရ ဝီရိယကို ယူရပါသည် ။
ယင်းဝီရိယကို ကိစ္စံ = ပြုရမည် ။

ကိစ္စံ ကို ကာတဗ္ဗံ ဟု
ဖွင့်ပါသည် ။
ကရမှာ ရိစ္စ သုတ်အရ ကရ ဓာတ် ရိစ္စ ဓာတ်ဖြင့်ပြီးသော ကိစ္စံ ပုဒ်သည် ကံဟော ကိတ်ရုပ်ဖြစ်ပါသည် ။
ယင်း၏ ကံ မှာ အာတပ္ပံ ဖြစ်ပါသည် ။

ဓမ္မပဒလာ
''တုမှေဟိ ကိစ္စမာတပ္ပံ ၊
အက္ခာတာရော တထာဂတာ ။

အဖွင့်များနှင့် တိုက်ဆိုင်စစ်ဆေး
ကြည့်တော်မူပါ ။

တပည့်တော် လူဝတ်ကြောင်ပါ ။

🙏🙏🙏🙏🙏

No comments:

Post a Comment