(((ရှေးဆရာတော်ဘုရားကြီးများ၏ ဉာဏ်တော်ကွန့်ရေးနည်းကို နည်းမှီရေးဖွဲ့အပ်ပါသည်ဘုရား)))
*ဇယခဂ္ဂ အောင်သံလျက်ဂါထာ*
ဇယံ သယံ နယံ ဒဒံ ၊ဂဒံ ခေဒံ ကရံ သန္တံ။
သတ္တာနဉ္စ သမံ ဂဒံ၊ ခေမံ ပတ္တံ နမေ သန္တံ။
(ဇ ယ၊ ဇ ယ)ဝိပရီတပထျာဝတ္တဂါထာ
သယံ - ကိုယ်တော်တိုင် ၊ ဇယံ-ဇယန္တံ - ကိလေခပင်း မာရ်စစ်သင်းဟု တွင်းပနှစ်တန် ရန်သူကုန်လုံး အပြီးသတ်ချေမှုန်းအောင်တော်မူပြီးထသော၊
သတ္တာနဉ္စ -ကိုယ်တော်မခြား အလားတူစွာ ငဲ့ညှာသနား သတ္တဝါဝေနေယျအများတို့အားလည်း။
ဇယံ နယံ - ကိလေခပင်း မာရ်စစ်သင်းဟု တွင်းပနှစ်တန် ရန်သူကုန်လုံး ချေမှုန်းအောင်ကြောင်း နည်းလမ်းကောင်းကို၊ ဒဒံ-ဒဒန္တံ - ဟောဖော်ညွှန်ကြား ပေးသနားတော်မူတတ်ထသော၊
(သတ္တာနံ) -ကိုယ်တော်မခြား အလားတူစွာ ငဲ့ညှာသနား သတ္တဝါဝေနေယျအများတို့၏၊
ခေဒဉ္စ - အပါယ်ဆင်းရဲ ဒုက္ခဝဲ၌ ဝမ်းနည်းဟိုက်နွမ်း မကြာခဏကျရောက်ပင်ပန်းကို၎င်း၊ ဂဒဉ္စ- အပါယ်ရောက်ကြောင်း ကိလေသာရောဂါအပေါင်းကို၎င်း၊ သန္တံ -ဒေသနာမြိုက်ဆေး တိုက်ကာကျွေးလျက် အေးမြကင်းပျောက်ခြင်းကို ၊ ကရံ-ကရောန္တံ-ကြင်နာရှေ့ထား ပညာအားဖြင့် ပြုပေးတော်မူထသော၊ သမံ-ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်ရောက်ကြောင်း ငြိမ်းအေးသောတရားအပေါင်းကို၊ ဂဒံ-ဂဒန္တံ- မရပ်မနား မြွက်ကြားတော်မူတတ်ထသော၊ ခေမံ ပတ္တံ-ဘေးရန်ကင်းလတ် နိဗ္ဗာနဓာတ်ကြီးသို့ ရောက်တော်မူပြီးထသော၊ သန္တံ- အလုံးစုံဘေး ကိုယ်တိုင်အေး၍ အအေးပေးလစ် စင်စစ်သူတော်မြတ်ကြီးဖြစ်သော မြတ်စွာဘုရားသခင်ကို ၊ နမေ-နမာမိ-ခြေတော်ဦးခိုက် ရှိခိုးဦးတိုက်ပါ၏ မြတ်စွာဘုရား...။
ဘိက္ခုပညာဝံသာလင်္ကာရော(ဒီပရင်္ဂေ)
(21.9.2018
No comments:
Post a Comment