🚴သင်ခန်းစာ(၃၉)🚴🚴🚴
အစ္စန္တသံယောဂ
အစ္စနံ္တ=အဆက်မပြတ်၊ သံယောဂ=ယှဉ်စပ်ခြင်း၊
အဆက်မပြတ်(အကြားမလပ်) ယှဉ်စပ်ခြင်းကို အစ္စန္တသံယောဂ ဟုခေါ်၏။
အစ္စန္တသံယောဂ သည် ကာလ(အချိန်ကာလ)၊
အဒ္ဓါ (ခရီးအဓွန့်) နှစ်မျိုး အားဖြင့် ကာလ အစ္စန္တသံယောဂ၊ အဒ္ဓါ အစ္စန္တသံယောဂ ဟု ရှိလေ၏။
တစ်ခု တစ်ခုတွင် ဒြပ်..ဂုဏ်...ကြိယာ သုံးများပြားပြန်၏။
ထမင်းစသော အရာဝတ္ထု ဒြပ်
မွေ့လျော်ခြင်းစသော ဂုဏ်
သွား ခြင်းစသော ကြိယာ။
ထို့ကြောင့် ခြောက်ပါးရှိ၏ ဟု မှတ်ထားပါလေ။
ယခုအခါ ကာလ အစ္စန္တသံယောဂ ကို ပြပေအံ့
ပတ်လုံး...ဟု အနက်ပေးရန်
ပတ်လုံး..တိုင်တိုင်၊ တိုင်အောင်...တိုင်လောက်၊
အနက်ကောက် မှတ်လှောက် အစ္စန္တ၊
အဘိဓာန်
ရမဏီယော=မွေ့လျော်အပ်၏၊ မွေ့လျော်ဖွယ်ကောင်း၏၊ ပျော်စရာကောင်း၏။ ဥပေ=ကပ်ရောက်၊ မံသောဒနော=မံသ+ဩဒနော =အသားထမင်း၊ အသားရောသောထမင်း၊ သားပြွမ်းထမင်း၊ ဒန်ပေါက်ထမင်း၊ သဗ္ဗကာလံ= အလုံးစုံသော ကာလပတ်လုံး(အခါခပ်သိမ်း) ။ တိယာမံ=ညဥ့်သုံးယာမ်ပတ်လုံး။ ဣမံ တေမာသံ =ဤသုံးလပတ်လုံး။ ဝဿ _ .ံ =မိုးအခါ၌ နေခြင်းသို့၊ (မိုးခို ခြင်းသို့၊)
အနက်ပေးရန်
၁။ မာသံ မံသောဒနော ဟောတိ။
၂။ သဗ္ဗကာလံ ဝိဟာရော ရမဏီယော ။
၃။ တိယာမံ သယတိ။
၎။ ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿ _ .ံ ဥပေမိ။
ပါဠိစီ ရန်
တစ်လပတ်လုံး ဆွမ်း ရှိ၏။
မြို့သည် အခါခပ်သိမ်း ပျော်စရာကောင်း၏။
ငါသည် ညဥ့်သုံးယာမ်ပတ်လုံး အိပ်၏။
ငါသည် ဤကျောင်း၌ တစ်လပတ်လုံး နေ၏။
ဗလာ စာအုပ်တွင် ရေးသား၍ အလွတ်ကျက်မှတ်ပါ၊ ရေးပြီးသည်များကို ကွန်မန့်တွင် ပုံရိုက်၍ ပို့ပါ၊
မှတ်ချက်။ ။ လေ့လာလိုသူ သင်ယူလိုသူများအတွက်သာ ဖြစ်ပါကြောင်း.. ......
အရှင်သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်သာမဏေကျော်ကျောင်း
No comments:
Post a Comment