Monday, September 3, 2018

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၁)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၁)

ကြိယာ
ဝိ​သေသနအ​ကြောင်း အနည်းငယ်​ ပြဆိုမည်​။
(ကြိယာ၊ကြိယာကို၊ဝိ​သေသန၊အထူးပြု​သောပုဒ်​)

၁။ဒုတိယန္တကြိယာဝိ​သေသန။
ဒုတိယာဝိဘတ်​ဖြင့်​ စွာ၊​အောင်​ စသည်
အနက်​​ပေးရ​သော ဝိ​သေသနကို ဒုတိယန္တကြိယာ
ဝိ​သေသနဟုတ်​ပါ။
ဥပမာ-
ပရိမဏ္ဍလံ၊အဝန်းညီစွာ၊စီဝရံ၊သင်္ကန်းကို၊ပါရု​ပေ  ဿဘမိ။
ရုံအံ့၊ဝတ်​အံ့။
ဤ၌
ပရိမဏ္ဍလံ သည်​ ဒုတိယန္တ ကြိယာဝိ​သေသန။

၂။တတိယန္တကြိယာဝိ​သေသန။
တတိယာဝိဘတ်​ဖြင့်​​ရေးလျင်​တတိယန္တကြိယာဝိ​သေသန
ဟု​ခေါ်သည်​။
ဥပမာ-
ပရိမဏ္ဍ​လေန-အဝန်းညီ​သောအားဖြင့်​၊စီဝရံ၊သင်္ကန်းကို
စသည်​ဖြင့်​​ပေးပါ။
ဤ၌
ပရိမဏ္ဍ​လေန သည်​ တတိယန္တကြိယာဝိ​သေသန။

၃။တွာ၊တုန၊တွာနပစ္စယန္တကြိယာဝိ​သေသန။
တွာ၊တုန၊တွာန၊
ပစ္စယန္တဖြင့်​အဆုံးသတ်​လျင်​ တွာပစ္စယန္တကြိယာဝိ​သေသန။

၎။တောပစ္စယန္တကြိယာဝိ​သေသန။
တှောပစ္စယန္တဖြင့်​​ရေးလျင်​ ​တောပစ္စယန္တကြိယာဝိ​သေသန။
အနဝ​သေသ​တော၊အကြွင်းမဲ့အားဖြင့်​၊ကိ​လေသာ၊တို့သည်​၊
ဝိဂတာ၊ကင်းကုန်​သည်​။ဟောန္တိ၊ကုန်​၏။
ဤ၌ အနဝ​သေသ​တောသည်​ "​တော"ပစ္စယန္တကြိယာ
ဝိ​သေသန အနက်​ကို"အားဖြင့်​"ဟု ပြန်​ပါ။

၅။ကြိယာပဝဂ္ဂဝိ​သေသန။
ကြိယာပြီး​ကြောင်းကိုပြလျင်​ ကြိယာပဝဂ္ဂဝိ​သေသန။
ဝိဘတ်​ကို တတိယာဝိဘတ်​ဖြင့်​​ရေးပါ။
ကာလအနက်
အဓွန့်​အနက်​မှာသက်​။
ဥပမာ-
ပုရိ​သော၊သည်​၊ဧကာ​ဟေန၊တစ်​ခဏမျှဖြင့်​၊နိဂစ္ဆတိ၊​ရောက်​၏။
ဤ၌
ဧကာ​ဟေန-သည်​ ကြိယာပဝဂ္ဂ။

၆။တုပစ္စယန္တကြိယာဝိ​သေသန။
၇။တုလျာဓိကရဏဝိ​သေသနတို့ကား
ပါဠိ​ဖြေဆိုရာ၌ များစွာ အသုံးမဝင်​လှပါ။
ဤ​နေရာ၌ အကျယ်​မပြ​တော့ပြီ။

ဤ​နေရာ၌
အသုံးများ​သော သဗ္ဗနာမ်​အ​ကြောင်း​​ရေးပြမည်​။

လိင်​သုံးပါးလုံးနှင့်​ဆက်​ဆံ​သော ပုဒ်​များကို
သဗ္ဗနာမ်​ဟု​ခေါ်သည်​။

ယင်းသဗ္ဗနာမ်​ကို နာမ်​စားအဖြစ်​၎င်း
တုလျာဓိကရဏဝိ​သေသနအဖြစ်​၎င်း အသုံးပြုနိုင်​သည်​။

ဥပမာ-
ပုရိ​သော အာဂစ္ဆတိ၊​သော က​ဏှော ​ဟောတိ။
ကညာ အာဂစ္ဆတိ၊သာ ကဏှာ ​ဟောတိ။
"အဟံ အာဂတာ"တိ သာ ဣတ္ထီ ဝဒတိ။
အဟံ၊ငါသည်​၊အာဂတာ၊လာ၏၊
သာ ဣတ္ထီ၊ထိုလာ​သော မိန်းမသည်​၊ဝဒတိ၊ဆို၏။

နာမ်​စားအဖြစ်​ အသုံးပြုရာ၌ နာမ်​သဒ္ဒါနှင့်​လိင်​၊
ဝုစ်​တူရသည်​ကို သတိပြုပါ​လေ။

အောက်​ပါသဗ္ဗနာမ်​ပုဒ်​များကို​လေ့လာကြည့်​ပါ။

ယော အာဂ​တော။(ပု)
သော အာဂ​တော။(ပု)

အယံ အာဂ​တော။(ပု)
အယံ အာဂတာ။(ထီ)
အနပုံသကသာယံ သိမှိ ကို​ထောက်​။

ပဘ ဿ ရ မိဒံ စိတ္တံ။(နပုလိင်​)
အဒုံ စိတ္တံ။(အမုသာဒုံ)

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment