Monday, September 10, 2018

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၄)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၄)

*အ​ခြေခံပါဠိ​ရေးရာ၌ -
အ​ပ္ပေဝနာမ၊အ​ပ္ပေဝ သဒ္ဒါ အသုံးပြု၍
ရေးရသည်​လည်း ရှိ၏။

ယင်းသဒ္ဒါများသည်
ယုံမှားခြင်း(သံသယ)အနက်​ကို ​ဟောကြသည်​။
(ဖြစ်​နိုင်​ရာ၏၊ဖြစ်​တန်​ရာ၏ စသည်​)

ပုံစံ-
အ​ပ္ပေဝနာမ အဟံ ဝိဟာရံ ဂ​စ္ဆေယျံ(ဂ​စ္ဆေယျာမိ)

အ​ပ္ပေဝနာမကို ဝါကျ အစ၌ ထားပါ။
ကြိယာကို သတ္တမီဝိဘတ်​ဖြင့်​​ရေးပါ။
အနက်​-
အဟံ၊ငါသည်​၊ဝိဟာရံ၊​ကျောင်းသို့၊အ​ပ္ပေဝနာမဂ​စ္ဆေယျံ။
သွား​ကောင်းသွားနိုင်​ပါလိမ့်​မည်​။သွားရင်​သွားမှာ​ပေါ့။

အ​ပ္ပေဝ -သဒ္ဒါကိုလည်း နည်းမှီအသုံးပြုပါ။

*ကိဉ္စာပိ ၊ယဒိပိ၊သ​စေပိ၊ဝါကျ​ ​ရေးနည်း-

ယင်းသဒ္ဒါတို့သည်​ "ကဲ့ရဲ့ခြင်းသ​ဘော" အနက်​၌ဖြစ်​သည်​။
ဝါကျ၏ အစ၊ပထမပုဒ်​​နောင်​ စသည်
အလျင်းသင့်​သလို ထားရသည်​။
(ခြွင်းချက်​ အားဖြင့်​ ကိဉ္စာပိကို ဝါကျအစ၌ အမြဲ
ထားရသည်​ဟု မှတ်​ပါ။)
ကျန်​သဒ္ဒါကို ဝါကျ အစ တစ်​ပုဒ်​​နောင်​ ထားပါ။

ဥပမာ-
ကိဉ္စာပိ ပိဏ္ဍာယ ဂါမံ ဂ​တော၊ပိဏ္ဍပါတံ ပန
နလဘိံ။
အနက်​​ပေးပုံ-
ပိဏ္ဍာယ၊ဆွမ်းအလို့ငှါ၊ဂါမံ၊ရွာသို့၊ကိဉ္စာပိ ဂ​တော၊
အကယ်​၍ သွားခဲ့ပါ၏။
ပန၊ထိုသို့ပင်​ သွားခဲ့ပါ​သော်​လည်း၊ပိဏ္ဍပါတံပန၊ဆွမ်း
ကိုကား၊နလဘိံ၊မရခဲ့။

ယင်း ကိဉ္စာပိ ဝါကျ​ရေးရာ၌
၎င်း၏ ဆန့်​ကျက်​ဘက်​ကို ပန သဒ္ဒါ ဖြင့်​​ရေးရသည်​။
တစ်​ချို့​နေရာ၌ ပန ​နေရာမှာ "တထာပိ"ဖြင့်​ ​ရေးကြသည်

ပုံစံ-ကိဉ္စာပိ ပိဏ္ဍာယ ဂါမံ ဂ​တော၊တထာပိ
ပိဏ္ဍပါတံ နလဘိံ။
ဤပုံစံ၌ တထာပိ၊ထိုသို့ပင်​သွားခဲ့ပါ​သော်​လည်းဟု
ပန နှင့်​အနက်​တူ​ပေး။

*ကိရ-သဒ္ဒါ ပါ​သောဝါကျ​ရေးနည်း-

ကိရသဒ္ဒါသည်
"တစ်​ဆင့်​စကားကြားခြင်း"
စသည်​အနက်​သက်​၏။
ကိရ-ဖြစ်​သတဲ့၊သွားသတဲ့၊ကြားသတဲ့၊စသည်​။
ဝါကျ၏ တစ်​ပုဒ်​​နောင်​တွင်​ထားပါ။

ပုံစံ-သာမ​ဏေ​ရော ကိရ ဂါမံ ဂစ္ဆတိ။
အနက်​-သာမ​ဏေ​ရော၊ကိုရင်​သည်​၊ဂါမံ၊ရွာသို့၊
ဂစ္ဆတိ ကိရ သွားသတဲ့။

ဝတ-သဒ္ဒါပါ​သော ဝါကျ​ရေးနည်း-
ဝတ သဒ္ဒါသည်​ သနားခြင်း၊ရွှင်​လန်းခြင်း၊
ပင်​ပန်းခြင်း၊ အနက်​၌ သက်​သည်​။

ဖြစ်​​လေစွတကား။
ဖြစ်​ပြီတဲ့။
ဖြစ်​မှ ဖြစ်​ရ​လေ စသည်​ အနက်​​ဟော။
ယင်း ဝတသဒ္ဒါကိုလည်း "ကိရ"သဒ္ဒါကဲ့သို့
တစ်​ပုဒ်​​နောင်​မှာထားပါ။
အနက်​-သာမ​ဏေ​ရော၊ကိုရင်​သည်​၊
ဂါမံ၊ရွာသို့၊
ပါဏ္ဍာယ၊ဆွမ်းအလို့ငှါ၊
ဂစ္ဆတိဝတ၊သွား​နေရတကား၊ဝါ-သွား​နေရရှာတကား။

*နာမ-သဒ္ဒါ ပါ​သောဝါကျ​ရေးနည်း-

နာမ သဒ္ဒါသည်​ ချီးမွှမ်းခြင်း၊ကဲ့ရဲ့ခြင်း
စသည်​အနက်​​ဟောသည်​။

လုပ်​နိုင်​ပါ​ပေ၏၊လုပ်​မှ လုပ်​ရက်​​လေ။
ပြောနိုင်​ပါ​ပေ၏၊​ပြောမှ ​ပြောရက်​​လေ။
စသည်​အနက်​၌ ဖြစ်​သည်​။

ဝါကျ၏ တစ်​ပုဒ်​​နောင်​မှာ ထားပါ။
ဘဝိဿ န န္တိ ဝိဘတ်​ကို သုံးပါ။
အနက်​ပြန်​ဆို​သော အခါ အနာဂါတ်​အနက်​မပြန်​ပဲ
ပစ္စုပ္ပန်​အနက်​ ပြန်​ဆိုပါ။

ပုံစံ-
သာမ​ဏေ​ရော နာမ ဣဒံ ဂန္တံ ဝါ​စေ. ဿ  တိ။
အနက်​​ပေး၊
သာမ​ဏေ​ရော၊ကိုရင်​သည်​၊ဣဒံ ဂန္တံ၊ဣကျမ်းစာကို
ဝါ​စေ. ဿ  တိ နာမ၊သင်​ယူနိုင်​ဘိ၏။

*ဥပမာ၊ဥပ​မေယျ ပါ​သော ဝါကျ​ရေးနည်း-

ဥပမာ၊ဥပ​မေယျဝါကျ​ရေးရာတွင်
ဥပမာဏဝါကျ၏ အစမှာ "ယထာ"ကိုထား၍
ဥပ​မေယျ ဝါကျ၏အစမှာ "တထာ"ကို ထားပါ။

ပုစံ-ယထာ သာမ​ဏေ​ရော ​ဝေယျာ​ဝစ္စံ က​ရောတိ၊
တထာ ပုရိ​သော ​ဝေယျာဝစ္စံ က​ရောတိ။
သာမ​ဏေ​ရော၊ကိုရင်​သည်​၊​ဝေယျာဝစ္စံ၊​ဝေယျာ​ဝေစ္စကို
က​ရောတိယထာ၊ပြုလုပ်​သကဲ့သို့၊တထာ၊ထို့အတူ၊
ပုရိ​သော၊​ယောက်​ကျားသည်​၊​ဝေယျာ​ဝေစ္စံ၊
က​ရောတိ၊ပြလုပ်​၏။
အမှာ-ယထာ​နေရာ၌
သေယျထာပိ သဒ္ဒါဖြင့်​ ​ရေးနိုင်​သည်​။

*လက္ခဏဝါကျ​ရေးနည်း-

လက္ခဏဝါကျ​ရေးရာ၌
လက္ခဏ၊လက္ခဏဝန္တ၊
လက္ချ၊လက္ချဝန္တ၊ဟု(၄)ချက်​​ရေးရသည်​။
အနက်​​ပေး​သောအခါ-
သော်​၊လတ်​​သော်​၊စဉ်​၊ စသည်
အနက်​​ပေး​သောကြိယာကို လက္ခဏကြိယာဟုမှတ်​ပါ။
ဝိဘတ်​ကို သတ္တမီ ဝိဘတ်​ဖြင့်​ထားပါ။

ပုံစံ-
မယိ ဂစ္ဆ​န္တေ တွံ ဘုဉ္ဇသိ။
အနက်​-မယိ၊ငါသည်​၊ဂစ္ဆ​န္တေ၊သွားသည်​ရှိ​သော်​၊
တွံ၊သင်​သည်​၊ဘုဉ္ဇသိ၊စား၏။

မယိ၊သည်​ လက္ခဏဝန္တ၊ကတ္တား။
ဂစ္ဆ​န္တေ၊သည်​ လက္ခဏဝန္တကြိယာ။
တွံသည်​၊လက္ချဝန္တ ကတ္တား။
ဘုဉ္ဇသိ၊သည်​ လက္ချကြိယာ။ဟုခွဲပါ။

ဆက်​လက်​​ဖော်​ပြပါမည်

No comments:

Post a Comment