🎯🎯🎯ပါဠိ အခြေခံသင်တန်း 🎯🎯🎯
🚴🚴🚴သင်ခန်းစာ(၄၇)🚴🚴🚴
ဆောင်.....
..............
ထိုထို ဝါကျ တွေ့သမျှ၌ အရ တူစွာ တစ်ခုသာ ဟောရာ မှတ်လေ မင့်။
ဟောရာ ဟောရာ ပဌမာ မှန်စွာ အမြဲ ချင့်။
မဟော ကတ္တာ တတိယာ၊ ကံမှာ ဒုတိနှင့်၊
ဟောသမျှရှိ ယောဂညှိဖို့ နာမမှိစ သုံးသုတ်မျှ နှုတ်ရ တက်စေသင့်။
တွေ့သမျှသော ဝါကျတိုင်းတွင် ကြိယာ ပုဒ်နှင့် အရတူသော ပုဒ်မှာ တစ်ခုတည်းသာ ရှိလေ၏။
ကတ္တားနှင့်သော်လည်းကောင်း..ကံနှင့်သော်လည်းကောင်း ကြိယာပုဒ်က အရတူရပေမည်။
ကတ္တား..ကံ နှစ်ခုလုံးနှင့် အရမတူတတ်ချေ ။
ကတ္တားနှင့်အရတူက ကတ္တားဟော၊
ကံ နှင့်အရတူက ကံဟောတည်း။
ထိုဟောသောပုဒ်တို့၌ ကတ္တားဟောဖြစ်က
ကတ္တားနှင့် ကြိယာ၊
ကံဟောဖြစ်က ကံနှင့်ကြိယာ
ဧကဝုစ်ချင်း ဗဟုဝုစ်ချင်း တူညီနေရပေမည်။
မဟောသော ပုဒ်ကား ဧကဝုစ် ဗဟုဝုစ် အလျင်းသင့်ရာ ထားနိုင်ပေသည်။
ဟောသောပုဒ်နှင့် ကြိယာသာ
သူဖြင့်သူချင်း၊
သင်ဖြင့် သင်ချင်း၊
ငါဖြင့် ငါချင်း တူစေရမည်။
မသောသောပုဒ်ကိုကား သူ..သင်..ငါ သုံးမျိုးလုံး ထားနိုင်ပေသည်။
နောက်ပိုင်းတွင် ပုံစံများနှင့်တကွ ပြပါမည်။
ဟောသော ပုဒ်ကို အမြဲတမ်း ပဌမာ ဝိဘတ်ဖြင့်ထားရမည်။
မဟောသော ကတ္တား ကို တတိယာ
မဟောသော ကံ ကို ဒုတိယာ နှင့်ထားရမည်။
ဟောသော ပုဒ်နှင့် ကြိယာကား
အရတူ ဝုစ်တူ ပုရိသ်တူ
ဖြစ် စေရမည်။
ဗလာ စာအုပ်တွင် ရေးသား၍ အလွတ်ကျက်မှတ်ပါ၊
မှတ်ချက်။ ။ လေ့လာလိုသူ သင်ယူလိုသူများအတွက်သာ ဖြစ်ပါကြောင်း.. ......
အရှင်သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်သာမဏေကျော်ကျောင်း
No comments:
Post a Comment