Friday, September 7, 2018

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၃)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၁၃)

*နာမ်​ပုဒ်​ကိံ -ပါ​သော
ဝါကျတည်​​ဆောက်​နည်း-

ကိံသဒ္ဒါသည်
ပုစ္ဆာအနက်​ကို​ဟောသည်​။
ဘာ၊ဘယ်​ဟာ၊ဘယ်​သူ စသည်
"အ​မေးပုစ္ဆာ"အနက်​ကို ​ဟောသည်​။

ကိံ-သဒ္ဒါကို သုံးစွဲရာ၌ လိင်​အလိုက်
ကော၊ကာ၊ကံ၊ကိံ၊စသည်​ကို အသုံးပြုပါ။
ဘာရယ်​လို့
သတ်​မှတ်​ချက်​မရှိလျှင်​နပုံလိင်​ကို အသုံးပြုပါ။

ဥပမာ-
"အဘယ်​သူသည်​ ​ကျောင်းသို့ သွားသနည်း"ဆိုရင်
ပါဠိစီ​သော အခါ-
ကော ဝိဟာရံ ဂစ္ဆတိ။ ဟု​ရေးရသည်​။
"အဘယ်​သူသည်​"ဟု ကတ္တားကို​မေးလို၍
"​ကော"ဟုထားသည်​ကို သတိပြုပါ။

"သင်​သည်​ ဘယ်​ကို သွားသလဲ"ဆိုရင်
တွံ ကိံ ဂစ္ဆသိ။ဟု​ရေးရသည်​။
"ဘယ်​ကို"ဟု ကံပုဒ်​ကို​မေးလို၍ "ကိံ" ဟု​ရေးသည်​ကို
သတိပြုပါ။

နိပါတ်​ကိံပါ​သော
ဝါကျတည်​​ဆောက်​နည်း-

နိပါတ်​ကိံပါ​သောဝါကျကို တည်​​ဆောက်​ရာ၌
ကိံ သဒ္ဒါကို ဝါကျ၏​ရှေ့၌ အမြဲထားပါ။
ကိံနိပါတ်​သည်
တစ်​စုံတရာ​ကြောင့်​ ရုပ်​​နေမ​ပြောင်းပါ။
အနက်​ပြန်​ဆိုသည့်​ အခါ
လား၊​လော စသည်​ပြန်​ဆိုပါ။

ဆောင်​-
"ကိံ သဒ္ဒါ​နောင်​ စိ​ရောက်​ချင်​က
အပ္ပဝါစက၊ထိုမှ တဖန်​ ယဝင်​ပြန်​က
သကလ ဝါစက၊ဝင်​လာမဖက်​ ကိံသက်​သက်​မှာ
ပုစ္ဆာဝါစက မှတ်​ကုန်​ကြ။"

ဥပမာ-
သင်​သည်​ ​ကျောင်းသို့ သွားသလား-ကို
ပါဠိဝါကျ​ရေးလိုလျင်​-

ကိံ တွံ ဝိဟာရံ ဂစ္ဆသိ။ဟု​ရေးရသည်​။

သတိပြုရန်​-
တစ်​ခါတရံမှာ
ကိံ အစား ပန သဒ္ဒါ ပါရင်​လည်း
အ​မေးပုစ္ဆာ ကိံသဒ္ဒါကဲ့သို့ အနက်​​ပေးရ​ကြောင်းသတိပြုပါ။

တွံ ပန ဂစ္ဆသိ ဝိဟာရံ။အနက်​​ပေးသည့်​အခါ
တွံ။သင်​သည်​၊ဝိဟာရံ၊
ကျောင်းသို့၊ဂစ္ဆသိ ပန၊သွားသ​လော။ဟု​ပေးပါ။

*နု၊​ခေါ၊သဒ္ဒါ ပါ​သောဝါကျ​ရေးနည်း-

နု၊နု​ခေါသဒ္ဒါသည်​လည်း ပုစ္ဆာအနက်​ကို​ဟောသည်​။
အနက်​​ပေးသင့်​အခါ-
ဖြစ်​သလား၊ဖြစ်​သနည်း၊ဖြစ်​သ​လော၊
ဖြစ်​သလဲစသည်​ အနက်​ပြန်​ဆိုပါ။

နု၊နု​ခေါ ထားသည်​အခါ
နာမ်​ ကိံ​နောင်​၊နိပါတ်​ကိံ​နောင်​၊ကြိယာ​နောင်
ထားနိုင်​သည်​။

အောက်​ပါပုံစံတို့ကို ​လေ့လာပါ။
(က)​ကော နု ဝိဟာရံ ဂစ္ဆတိ။(နာမ်​ကိံ​နောင်​)
အနက်​​ပေးပုံ-
ကော၊အဘယ်​သူသည်​၊ဝိဟာရံ၊​ကျောင်းသို့၊ဂစ္ဆတိနု၊
သွားသနည်း။

(ခ)ကိံနု တွံ ဝိဟာရံ ဂစ္ဆသိ။(နိပါတ်​ကိံ​နောင်​)
အနက်​​ပေးပုံ-
တွံ၊သင်​သည်​၊ဝိဟာရံ၊​ကျောင်းသို့၊ဂစ္ဆသိကိံနု၊သွားသ​လော။

(ဂ)တွံ နု ဝိဟာရံ ဂစ္ဆသိ။(ရိုးရိုးနမ်​​နောင်​)
အနက်​​ပေး-
တွံ၊သင်​သည်​၊ဝိဟာရံ၊​ကျောင်းသို့၊ဂစ္ဆသိနု၊သွားသ​လော။
ဝါ၊သွားသလား၊ဝါ၊သွား​သေးလား။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment