ပါဠိတော်ပါဠိကို
အဋ္ဌကထာဆရာ±ဋီကာဆရာဖွင့်ပုံ ဖွင့်နည်း
သုံးသပ်လေ့လာပုံ လေ့လာနည်း
🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧
ဝိဂ္ဂဟ=သုတ်မဟာဝါပါဠိတော် စာမျက်နှာ၅၀
ပါဠိတော်လာ ဝိဂ္ဂဟပုဒ်ကို အဋ္ဌကထာဆရာဖွင့်ပြရာ၌
ပုရိမော ပုရိမော ဝိရောဓော ဝိဂ္ဂဟော။ဟုဖွင့်ပြပေ၏။
ယင်းဝိဂ္ဂဟပုဒ်ကို ဖွင့်ပြရာ၌ အဋ္ဌကထာဆရာသည် ဝိဂ္ဂဟော
ပုဒ်ကို ဆန့်ကျင်သောစကားကိုဆိုခြင်းဟူသော အနက်သာမည
ကို ဖွင့်ဆိုလိုလျှင် ဝိဂ္ဂဟောတိ ဝိရောဓော(ဝိဝါဒေါ)။ဟု
ဆန့်ကျင်သောစကားကိုဆိုခြင်းအနက်ဟော ပရိယာယ်ပုဒ်တစ်
ပါးပါးဖြင့်သာ ဖွင့်ဆိုပေလိမ့်မည်။
ထိုကဲ့သို့ မဖွင့်ဆိုဘဲ ပုရိမော ပုရိမော ဝိရောဓော ဝိဂ္ဂဟော။ဟု
ပုရိမော ပုရိမောပုဒ်ကို အပိုထည့်စွက်၍ ဖွင့်ပြတော်မူသဖြင့်
ဝိဂ္ဂဟဟူသောပါဠိတော်အရ ဆန့်ကျင်သောစကားကိုဆိုရာ၌
ရှေ့၌ရှေး၌ဖြစ်သော ဆန့်ကျင်ခြင်း,နောက်၌ နောက်၌ဖြစ်သော
ဆန့်ကျင်ခြင်းဟု နှစ်မျိုးရှိရာ ရှေ့၌ ရှေ့၌ဖြစ်သောဆန့်ကျင်ခြင်း
ကိုသာယူရမည်ကို သိစေခြင်း။
နောက်၌ နောက်၌ဖြစ်သောဆန့်ကျင်ခြင်းကို မယူရဟုသိစေ
ခြင်း။
ဝိရောဓောဖြင့် ဝိဂ္ဂဟအရ ခန္ဓာကိုယ်အထည်ဒြပ်ကိုမယူရ
(အဘိဓာန်၌ ဝိဂ္ဂဟသည် ခန္ဓာကိုယ်ကိုလည်းဟောသေး၏)
ဆန့်ကျင်ခြင်း(ဝါ)ဆန့်ကျင်သောစကားကိုဆိုခြင်းကိုသာယူရ
မည်ဟုသိစေခြင်း။
ဝိဂ္ဂဟဟူသောပုဒ်၏ အလိုရှိအပ်သော အနက်သရုပ်သဘော
အဓိပ္ပါယ်ကိုသိစေလိုသောကြောင့် အဋ္ဌကထာဆရာသည်
ပုရိမော ပုရိမော ဝိရောဓော ဝိဂ္ဂဟောဟု ဖွင့်ပြပါသည်။
ဋီကာဆရာထပ်ဆင့်၍ ဖွင့်ပြပုံ
***********************
***********************
ပုရိမော ပုရိမော ဝိရောဓော ဝိဂ္ဂဟောဟု (ဋ္ဌ-၉၀)
အဋ္ဌကထာဆရာဖွင့်ပြသောစကားရပ်ကို မဟာဝဂ္ဂဋီကာ(၉၉)
ဆရာက ဝိရုဇ္ဈနဝသေန ဝိရူပံ ဂဏှာတိ ဧတေနာတိ ဝိဂ္ဂဟော။
ထပ်ဆင့်၍ ဖွင့်ပြပါသည်။
ဋီကာဆိုလိုချက်ကို လေ့လာကြည့်လိုက်ရအောင်
*************************************
ဝိဂ္ဂဟောဟူသော ပုဒ်ကို ကိတ်သာဓန၇ပါးတို့တွင် ကမ္မသာဓန,
သမ္ပဒါနသာဓနစသည့် ဝိဂြိုဟ်မျိုးမဟုတ်၊ ကရဏသာဓနဝိဂြိုဟ်
ပြုရမည်အဖြစ်ကို သိစေခြင်း။
ဝိဂ္ဂဟော၌ (ဝိပုဗ္ဗ±ဂဟဓာတ်±အပစ္စည်း)
ဝိဥပသာရပုဒ်၏ ဝိရူပအနက်ကိုဟောသည်၏အဖြစ်ကို
သိစေခြင်း။
ဝိဂ္ဂဟောအရ ယူရာဟူသည်...
ဆန့်ဘက်အနေအားဖြင့် ဝါဆန့်ကျင်ခြင်းအနေအားဖြင့်
ဖောက်ပြန်စွာယူကြောင်းဖြစ်သော စကားကိုယူရမည်၏အဖြစ်
ကို သိစေပါသည်။
အဘိဓာန်ဋီကာ၌ ဆန့်ကျင်ခြင်းအနက်ဟော ဝိဂ္ဂဟကို
ဝိဂ္ဂယှန္တိ ယုဇ္ဇန္တျသ္မိံ ဝိဂ္ဂဟော။
သာရတ္ထ၌ ဝိရူပံ,ဝိရုဒ္ဓံ,ဝါ ဂဟဏံ ဝိဂ္ဂဟော ။
သီလက္ခန်ဋီကာသစ်၌ ဝိရုဒ္ဓဂ္ဂဟဏံ ဝိဂ္ဂဟော။ ဘာဝသာဓ်
ဝိဂြိုဟ်ပြုလုပ်ကြသေး၏။
ပြုလုပ်မည်ဆိုက ပြုလုပ်နိုင်ပါသည်။
၎င်း ဝိဂ္ဂဟကို ကရဏသာဓနဝိဂြိုဟ်ကြံရာ၌ ဧတေနအရ
ဒေါသမူစိတ္တုပ္ပါဒ်ကိုယူရပါမည်။
ပရမတ္ထသဒ္ဒါကို ဝိဂြိုဟ်ပြုရာဝယ် သုံးမျိုးသုံးစားပြုလုပ်လို့
ရသည်ကများပါတယ်။
"ပရမတ္ထသဒ္ဒါ ဝိဂြိုဟ်မှာကား ကရဏ,ကတ္တု,ဘာဝပြုလော့"
အထက်ပါ အဋ္ဌကထာဆရာ,ဋီကာဆရာတို့၏ ဖွင့်ပြချက်တို့တွင်
အဋ္ဌကထာဆရာက ဝိဂ္ဂဟပုဒ်၏ အရကောက်သဘော၊
အဓိပ္ပါယ်သဘောကို ပေါ်လွင်အောင် ပဒတ္ထသံဝဏ္ဏနာနည်း
အားဖြင့် ဖွင့်ပြတော်မူ၏။
ဋီကာဆရာသည် ဝိဂြိုဟ်ဝစနတ်တွဲစပ်ပုံကို ပဒဝိဂ္ဂဟသံဝဏ္ဏနာ
နည်းဖြင့် ဖွင့်ပြတော်မူပါသည်ဟု အဋ္ဌကထာဆရာ ဋီကာဆရာ
တို့၏ သံဝဏ္ဏနာအဖွင့်သဘောတရားကို မှတ်သားနိုင်ပေသည်။
အဋ္ဌကထာဖွင့်နည်း,ဋီကာဖွင့်နည်းတို့ကား ဤမျှလောက်ရှိ၏ဟု
ပြောပြဖို့ရန် ခက်ခဲပေ၏။သို့ငြားသော်လည်း...
သမ္ဗန္ဓော စ ပဒေဉ္စဝ၊ ပဒတ္ထော ပဒဝိဂ္ဂဟော။
စောဒနာ ပရိဟာရော စ၊ဆဗ္ဗိဓာ သုတ္တဝဏ္ဏနာ။ဟူသော
ဂါထာသဘောတရားအရ အဋ္ဌကထာဆရာ,ဋီကာဆရာတို့
မူရင်းလက်ကိုင်ထား၍ ဖွင့်ဆိုရာဝယ်...
သမ္ဗန္ဓသံဝဏ္ဏနာ, ပဒသံဝဏ္ဏနာ, ပဒတ္ထသံဝဏ္ဏနာ, ပဒဝိဂ္ဂဟ
သံဝဏ္ဏနာ,စောဒနာသံဝဏ္ဏနာ,ပရိဟာရသံဝဏ္ဏနာဟူ၍
ဖွင့်ဆိုပုံ ဖွင့်ဆိုနည်း ၆နည်းထဲတွင် တနည်းနည်းထဲ၌ ထိုက်
သင့်သဘောအလျောက် သက်ဝင်သွားကြသည်ဟု ယူဆနိုင်
ပါသည်။
၎င်း ၆နည်းကို အကျဉ်းချုံးခဲ့သော်...
၁။ နစ်စေအပ်သော အနက်တစ်ပါးရှိ၍ ဖွင့်ဆိုခြင်း၊
၂။ မထင်ရှားသည်ဖြစ်၍ ထင်ရှားအောင်ဖွင့်ဆိုခြင်း၊
၃။ လျဉ်းပါးဖွယ်ရှိ၍ ဖွင့်ဆိုခြင်းအားဖြင့် ၃နည်းရှိသည်ဟု
ယူဆကောင်း ယူဆနိုင်ပေ၏။
ဝိဂ္ဂဟဟူသော ပါဠိတော်ကို အဋ္ဌကထာဆရာသည်...
ပုရိမော ပုရိမော ဝိရောဓော ဝိဂ္ဂဟော-ဟုဖွင့်ပြခြင်းသည်
နောက်နောက်၌ဆန့်ကျင်ခြင်းဟူသော အနက်ကိုနစ်စေအပ်
သော ဖွင့်ဆိုခြင်းမျိုး ဖြစ်ပါသည် ယူဆ၍ ရနိုင်ပါသည်။
မှတ်ချက်။ ။
ညီတော် နောင်တော် အမတော် နှမတော်တို့
နည်းစနစ်ရလောက်အောင်ကြံပြခြင်းမျှ သာဖြစ်ပါတယ်။
အမှားပါခဲ့သော် အမှန်ပြင်၍ ဝေဖန်အကြံပြု ပေးကြပါ။
လိုနေသော် ဖြည့်စွက်
ပိုနေသော ပယ်ဖျက်။
မေတ္တာဖြင့် အညတရ ရဟန်း မန္တလေး
Zawgyi
ပါဠိေတာ္ပါဠိကုိ
အ႒ကထာဆရာ±ဋီကာဆရာဖြင့္ပုံ ဖြင့္နည္း
သုံးသပ္ေလ့လာပုံ ေလ့လာနည္း
🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧🍧
ဝိဂၢဟ=သုတ္မဟာဝါပါဠိေတာ္ စာမ်က္ႏွာ၅၀
ပါဠိေတာ္လာ ဝိဂၢဟပုဒ္ကုိ အ႒ကထာဆရာဖြင့္ျပရာ၌
ပုရိေမာ ပုရိေမာ ဝိေရာေဓာ ဝိဂၢေဟာ။ဟုဖြင့္ျပေပ၏။
ယင္းဝိဂၢဟပုဒ္ကုိ ဖြင့္ျပရာ၌ အ႒ကထာဆရာသည္ ဝိဂၢေဟာ
ပုဒ္ကုိ ဆန္႔က်င္ေသာစကားကုိဆုိျခင္းဟူေသာ အနက္သာမည
ကုိ ဖြင့္ဆုိလုိလ်ွင္ ဝိဂၢေဟာတိ ဝိေရာေဓာ(ဝိဝါေဒါ)။ဟု
ဆန္႔က်င္ေသာစကားကုိဆုိျခင္းအနက္ေဟာ ပရိယာယ္ပုဒ္တစ္
ပါးပါးျဖင့္သာ ဖြင့္ဆုိေပလိမ့္မည္။
ထုိကဲ့သုိ႔ မဖြင့္ဆုိဘဲ ပုရိေမာ ပုရိေမာ ဝိေရာေဓာ ဝိဂၢေဟာ။ဟု
ပုရိေမာ ပုရိေမာပုဒ္ကုိ အပုိထည့္စြက္၍ ဖြင့္ျပေတာ္မူသျဖင့္
ဝိဂၢဟဟူေသာပါဠိေတာ္အရ ဆန္႔က်င္ေသာစကားကုိဆုိရာ၌
ေ႐ွ႕၌ေ႐ွး၌ျဖစ္ေသာ ဆန္႔က်င္ျခင္း,ေနာက္၌ ေနာက္၌ျဖစ္ေသာ
ဆန္႔က်င္ျခင္းဟု ႏွစ္မ်ဳိး႐ွိရာ ေ႐ွ႕၌ ေ႐ွ႕၌ျဖစ္ေသာဆန္႔က်င္ျခင္း
ကုိသာယူရမည္ကုိ သိေစျခင္း။
ေနာက္၌ ေနာက္၌ျဖစ္ေသာဆန္႔က်င္ျခင္းကုိ မယူရဟုသိေစ
ျခင္း။
ဝိေရာေဓာျဖင့္ ဝိဂၢဟအရ ခႏၶာကုိယ္အထည္ျဒပ္ကုိမယူရ
(အဘိဓာန္၌ ဝိဂၢဟသည္ ခႏၶာကုိယ္ကုိလည္းေဟာေသး၏)
ဆန္႔က်င္ျခင္း(ဝါ)ဆန္႔က်င္ေသာစကားကုိဆုိျခင္းကုိသာယူရ
မည္ဟုသိေစျခင္း။
ဝိဂၢဟဟူေသာပုဒ္၏ အလုိ႐ွိအပ္ေသာ အနက္သ႐ုပ္သေဘာ
အဓိပၸါယ္ကုိသိေစလုိေသာေၾကာင့္ အ႒ကထာဆရာသည္
ပုရိေမာ ပုရိေမာ ဝိေရာေဓာ ဝိဂၢေဟာဟု ဖြင့္ျပပါသည္။
ဋီကာဆရာထပ္ဆင့္၍ ဖြင့္ျပပုံ
***********************
***********************
ပုရိေမာ ပုရိေမာ ဝိေရာေဓာ ဝိဂၢေဟာဟု (႒-၉၀)
အ႒ကထာဆရာဖြင့္ျပေသာစကားရပ္ကုိ မဟာဝဂၢဋီကာ(၉၉)
ဆရာက ဝိ႐ုဇၥ်နဝေသန ဝိ႐ူပံ ဂဏွာတိ ဧေတနာတိ ဝိဂၢေဟာ။
ထပ္ဆင့္၍ ဖြင့္ျပပါသည္။
ဋီကာဆုိလုိခ်က္ကုိ ေလ့လာၾကည့္လုိက္ရေအာင္
*************************************
ဝိဂၢေဟာဟူေသာ ပုဒ္ကုိ ကိတ္သာဓန၇ပါးတုိ႔တြင္ ကမၼသာဓန,
သမၸဒါနသာဓနစသည့္ ဝိၿဂိဳဟ္မ်ဳိးမဟုတ္၊ ကရဏသာဓနဝိၿဂိဳဟ္
ျပဳရမည္အျဖစ္ကုိ သိေစျခင္း။
ဝိဂၢေဟာ၌ (ဝိပုဗၺ±ဂဟဓာတ္±အပစၥည္း)
ဝိဥပသာရပုဒ္၏ ဝိ႐ူပအနက္ကုိေဟာသည္၏အျဖစ္ကုိ
သိေစျခင္း။
ဝိဂၢေဟာအရ ယူရာဟူသည္...
ဆန္႔ဘက္အေနအားျဖင့္ ဝါဆန္႔က်င္ျခင္းအေနအားျဖင့္
ေဖာက္ျပန္စြာယူေၾကာင္းျဖစ္ေသာ စကားကုိယူရမည္၏အျဖစ္
ကုိ သိေစပါသည္။
အဘိဓာန္ဋီကာ၌ ဆန္႔က်င္ျခင္းအနက္ေဟာ ဝိဂၢဟကုိ
ဝိဂၢယွႏၱိ ယုဇၨႏၱ်သၼႎ ဝိဂၢေဟာ။
သာရတၳ၌ ဝိ႐ူပံ,ဝိ႐ုဒၶံ,ဝါ ဂဟဏံ ဝိဂၢေဟာ ။
သီလကၡန္ဋီကာသစ္၌ ဝိ႐ုဒၶဂၢဟဏံ ဝိဂၢေဟာ။ ဘာဝသာဓ္
ဝိၿဂိဳဟ္ျပဳလုပ္ၾကေသး၏။
ျပဳလုပ္မည္ဆုိက ျပဳလုပ္ႏုိင္ပါသည္။
၎ ဝိဂၢဟကုိ ကရဏသာဓနဝိၿဂိဳဟ္ၾကံရာ၌ ဧေတနအရ
ေဒါသမူစိတၱဳပၸါဒ္ကုိယူရပါမည္။
ပရမတၳသဒၵါကုိ ဝိၿဂိဳဟ္ျပဳရာဝယ္ သုံးမ်ဳိးသုံးစားျပဳလုပ္လုိ႔
ရသည္ကမ်ားပါတယ္။
"ပရမတၳသဒၵါ ဝိၿဂိဳဟ္မွာကား ကရဏ,ကတၱဳ,ဘာဝျပဳေလာ့"
အထက္ပါ အ႒ကထာဆရာ,ဋီကာဆရာတုိ႔၏ ဖြင့္ျပခ်က္တုိ႔တြင္
အ႒ကထာဆရာက ဝိဂၢဟပုဒ္၏ အရေကာက္သေဘာ၊
အဓိပၸါယ္သေဘာကုိ ေပၚလြင္ေအာင္ ပဒတၳသံဝဏၰနာနည္း
အားျဖင့္ ဖြင့္ျပေတာ္မူ၏။
ဋီကာဆရာသည္ ဝိၿဂိဳဟ္ဝစနတ္တြဲစပ္ပုံကုိ ပဒဝိဂၢဟသံဝဏၰနာ
နည္းျဖင့္ ဖြင့္ျပေတာ္မူပါသည္ဟု အ႒ကထာဆရာ ဋီကာဆရာ
တုိ႔၏ သံဝဏၰနာအဖြင့္သေဘာတရားကုိ မွတ္သားႏုိင္ေပသည္။
အ႒ကထာဖြင့္နည္း,ဋီကာဖြင့္နည္းတုိ႔ကား ဤမ်ွေလာက္႐ွိ၏ဟု
ေျပာျပဖုိ႔ရန္ ခက္ခဲေပ၏။သုိ႔ျငားေသာ္လည္း...
သမၺေႏၶာ စ ပဒေဥၥဝ၊ ပဒေတၳာ ပဒဝိဂၢေဟာ။
ေစာဒနာ ပရိဟာေရာ စ၊ဆဗၺိဓာ သုတၱဝဏၰနာ။ဟူေသာ
ဂါထာသေဘာတရားအရ အ႒ကထာဆရာ,ဋီကာဆရာတုိ႔
မူရင္းလက္ကုိင္ထား၍ ဖြင့္ဆုိရာဝယ္...
သမၺႏၶသံဝဏၰနာ, ပဒသံဝဏၰနာ, ပဒတၳသံဝဏၰနာ, ပဒဝိဂၢဟ
သံဝဏၰနာ,ေစာဒနာသံဝဏၰနာ,ပရိဟာရသံဝဏၰနာဟူ၍
ဖြင့္ဆုိပုံ ဖြင့္ဆုိနည္း ၆နည္းထဲတြင္ တနည္းနည္းထဲ၌ ထုိက္
သင့္သေဘာအေလ်ာက္ သက္ဝင္သြားၾကသည္ဟု ယူဆႏုိင္
ပါသည္။
၎ ၆နည္းကုိ အက်ဥ္းခ်ဳံးခဲ့ေသာ္...
၁။ နစ္ေစအပ္ေသာ အနက္တစ္ပါး႐ွိ၍ ဖြင့္ဆုိျခင္း၊
၂။ မထင္႐ွားသည္ျဖစ္၍ ထင္႐ွားေအာင္ဖြင့္ဆုိျခင္း၊
၃။ လ်ဥ္းပါးဖြယ္႐ွိ၍ ဖြင့္ဆုိျခင္းအားျဖင့္ ၃နည္း႐ွိသည္ဟု
ယူဆေကာင္း ယူဆႏုိင္ေပ၏။
ဝိဂၢဟဟူေသာ ပါဠိေတာ္ကုိ အ႒ကထာဆရာသည္...
ပုရိေမာ ပုရိေမာ ဝိေရာေဓာ ဝိဂၢေဟာ-ဟုဖြင့္ျပျခင္းသည္
ေနာက္ေနာက္၌ဆန္႔က်င္ျခင္းဟူေသာ အနက္ကုိနစ္ေစအပ္
ေသာ ဖြင့္ဆုိျခင္းမ်ဳိး ျဖစ္ပါသည္ ယူဆ၍ ရႏုိင္ပါသည္။
မွတ္ခ်က္။ ။
ညီေတာ္ ေနာင္ေတာ္ အမေတာ္ ႏွမေတာ္တုိ႔
နည္းစနစ္ရေလာက္ေအာင္ၾကံျပျခင္းမ်ွ သာျဖစ္ပါတယ္။
အမွားပါခဲ့ေသာ္ အမွန္ျပင္၍ ေဝဖန္အၾကံျပဳ ေပးၾကပါ။
လုိေနေသာ္ ျဖည့္စြက္
ပုိေနေသာ ပယ္ဖ်က္။
ေမတၱာျဖင့္ အညတရ ရဟန္း မႏၲေလး
No comments:
Post a Comment