Wednesday, September 26, 2018

နီဝရဏအဖွင့်ကို ဆန်းစစ်ကြည့်ခြင်း

နီဝရဏအဖွင့်ကို ဆန်းစစ်ကြည့်ခြင်း
____________________________

နီဝရဏနှင့် ပတ်သတ်လို့
Buddhist literature ထဲမှာ

နီဝရဏ၊ အာဝရဏ၊
စေတသော အဇ္ဈာရုဟ၊ ပညာယဒုဗ္ဗလီကရဏ
(အင်္ဂုတ္တရနိကာယ၊ အာဝရဏသုတ္တ)၊

သြနာဟန၊ ပရိယောနာယန (သီလက္ခန္ဓပါဠိ၊ နှာ၊ ၂၃၁)၊

အကုသလရာသိ (အကုသလရာသိသုတ္တ၊ အင်္ဂုတ္တရနိကာယ)၊

ဈာနပဋိပက္ခ၊ (ဓမ္မသင်္ဂဏီအနုဋီကာ၊ဈာနပဋိပက္ခဘူတာနိယေ၀ နီဝရဏာနိ နိဒ္ဓဋ္ဌာနီတိ)

ဈာနပစ္စနီက (နီဝရဏာနိ ဟိ ဈာနင်္ဂပစ္စနီကာနိ)၊

အန္ဓကရဏ၊ အစက္ခုကရဏ၊ အညာဏကရဏ၊ ပညာနိရောဓ၊ ၀ိဃာတပက္ခိယ၊ အနိဗ္ဗာနသံဝတ္တနိက (သံယုတ္တနိကာယ၊ နီဝရဏသုတ္တ)

စေတသော ဥပက္ကိလေသော (အာဝရဏနီဝရဏသုတ္တ၊ သံယုတ္တနိကာယ) စသော ပရိယာယ်ပုဒ်များစွာဖြင့် ဖွင့်ပြတော်မူထားတာ တွေ့ရပါသည်၊

early Buddhism ထဲမှာ အဲဒီပုဒ် တစ်ပုဒ်စီမှာ different function ရှိကြပေမယ့်၊ အင်မတန်ကွဲပြားသော ခြားနားချက်အနေဖြင့် ဟောပြ တော်မူထားတာ မတွေ့ရပါ။

သို့သော် အဲဒီပုဒ်များစွာထဲက အာဝရဏ နှင့် နီဝရဏကို အင်္ဂုတ္တိုရ်ဋီကာ ဆရာတော်က
(ဒုတိယဿ ပဌပေ အာဝရန္တီတိ အာဝရဏာ၊ နီဝါရယန္တီတိ နီဝရဏာ၊ ဧတ္ထ စ အာဝရန္တီတိ ကုသလဓမ္မုပ္ပတ္တိံအာဒိတော ပရိဝါရေန္တိ၊ နီဝါရယန္တီတိ နိရ၀သေသတော ၀ါရယန္တီတိ အတ္ထော၊ တသ္မာ အာဝရဏ၀သေနနာတိ အာဒိတော ကုသလုပ္ပတ္တိဝါရဏေန၊ နီဝရဏ၀သေနာတိ နိရ၀သေသတော ၀ါရဏ၀သေနာတိ ဧ၀မေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော (အံ၊ဋီ၊၃၊၂၂) ဟုဖွင့်ပြတော်မူပြီး
ကုသိုလ်ဖြစ်ခွင့်ကို ဦးစွာ ပထမ တားမြစ်ခြင်းကို အာဝရဏ၊

ကုသိုလ်ဖြစ်ခြင်းကို အကြွင်းမဲ့တားမြစ်ခြင်းကို နီဝရဏဟု

အာဝရဏမှ အာဥပသာရပုဒ်ကို အစ= အာဒိအနက်ကြံပြီး၊ နီဝရဏမှ နီဥပသာရပုဒ်ကိုလည်း အလုံးစုံ= နိရ၀သေသအနက်ကြံကာ အာဝရဏနှင့် နီဝရဏနှစ်ပါးတို့၏ အထူးကိုဖွင့်ပြတော်မူသည်၊ 

အဋ္ဌကထာဆရာတော်က ၎င်းသုတ်အဖွင့်မှာပင် (ဒုတိယဿ ပဌမေ အာဝရဏ၀သေန အာဝရဏာ၊ နီဝရဏ၀သေန နီဝရဏာ၊ အံ၊ဋ္ဌ၊၃၊ ၂၆) ဟုအာဝရဏနှင့် နီဝရဏတို့၏ အနက်ထူးကို ခွဲခြားမပြပါပဲ၊

အာဝရဏမှ အာဥပသာရပုဒ်၊ နီဝရဏမှ နီဥပသာရပုဒ်တို့ကို အနက်မဲ့ကြံကာ ဖွင့်ပြတော်မူသည်၊ ဥပသာရပုဒ်၏ ဟောနှိုင်သော အနက်သုံး နက်ဖြစ်သော ဓာတွတ္ထဗာဓက-ဓါတ်အနက်ကို တားမြစ်ခြင်း၊ ဓာတွတ္ထ၀ိသေသက-ဓါတ်အနက်ကို အထူးပြုခြင်း၊ ဓာတွတ္ထာနုဝတ္တက-ဓါတ်အနက်ကို အစဉ်လိုက်ခြင်းဟု ဓါတ်၏အနက်သုံးမျိုးရှိသည်တွင် အဋ္ဌကထာဆရာတော်က အာဥပသာရပုဒ်နှင့် နီဥပသာရပုဒ်တို့ကို ဓာတွတ္ထာနုဝတ္တကဟုကြံပြီး၊ ဋီကာဆရာတော်က ၄င်းပုဒ်တို့ကို ဓာတွတ္ထ၀ိသေသကဟုကြံတော်မ
ူလေသည်ဟု နားလည်နိုင်ပါသည်။

အဋ္ဌကထာဆရာတော်၏ အလိုအရဆိုရင် အာဝရဏနှင့် နီဝရဏက

Buddhist Psychological points of view ကနေကြည့်ရင် different function ရှိပေမယ့်၊ ကွဲပြားခြားနားမှုမရှိသော အသံကွဲ အကြောင်းတူဖြစ်ကြောင်းကို အာဝရဏ၊ နီဝရဏ ပုဒ်တို့၏ ၀ရဓါတ်များက သက်သေခံနေသလို၊

အရကောက်ရာမှာလည်း နီဝရဏငါးပါးကိုသာ ကောက်သောကြောင့် ပါဠိတော်၏ ဆိုလိုရင်းနှင့်လည်း ကိုက်ညီပေသည်။ (အာဝရဏ၊ အာ+၀ရ+ယု၊ နီဝရဏ နီ+၀ရ+ယု)

တစ်ဖက်က ဋီကာဆရာတော်က ကုသိုလ်ဖြစ်ခြင်းကို အစမှတားမြစ်တတ်သောကြောင့်၊ အာဝရဏ၊ အကြွင်းအကျန်မရှိအောင် တားမြစ်တတ်သောကြောင့် နီဝရဏဟုဆိုသောကြောင့်၊ အာဝရဏနှင့် နီဝရဏတို့၏ အရကောက်များ ကွဲပြားရဖွယ်ရှိနေပေသည်၊ သို့သော် ဋီကာဆရာတော်အလိုလည်း နီဝရဏငါးပါးသာ ကောက်ပြလေရပြန်လေသည်။

ဒါဆိုဋီကာဆရာတော် အလိုအရဆိုလျှင် နီဝရဏငါးပါးကိုယ်တိုင်ပင် ကုသိုလ်တရားတို့ကို အစမှတားမြစ်သော အခိုက်မှာ အာဝရဏ အမည်ရပြီး၊ ကုသိုလ်တရားတို့ကို အကြွင်းအကျန်မရှိအောင် တားမြစ်သော အခိုက်မှာ နီဝရဏ အမည်ရသည်ဟု ကြံရဖွယ်ရှိနေသည်။

ဒီ problem နဲ့ ပတ်သတ်ပြီး Ven. Sentot ကသူ့ရဲ့ PhD thesis ထဲမှာ “Thus, several facts gathered above here lead us to conclude that in general the meaning of āvaraṇa designates the five hindrances” ဟု ထုတ်ပြခဲ့ပေမယ့် ပြေလည်သော solution မဖြစ်သလို၊ အင်္ဂုတ္တိုရ်ပါဠိတော်လာအတိုင်း အရောက်ကောက်ပြရုံမျှသာ ဖြစ်တဲ့အတွက် complicated situation ကား ထွက်ပေါ်မြဲသာပေ၊

အကြောင်းကား Early discourses  အလိုထောက်ပြီး အရကောက်သွားခြင်းက၊ later Buddhism ဖြစ်သော အဋ္ဌကထာဆရာတော်၏ ဖွင့်ပြချက်ကို မျက်ကွယ်ပြုထားလိုက်သလိုပင် ဖြစ်နေသည်။

ဒါကြောင့် ဒီနေရာမှာ ဋီကာဆရာတော် ဖွင့်ပြတော်မူသော အဖွင့် နှစ်ချက်ထဲမှာ အာဝရဏနှင့် သက်ဆိုင်သော အဖွင့်အတွက် အထူးပြောစရာ မရှိပေမဲ့၊ နီဝရဏအဖွင့်နှင့် ပတ်သတ်ပြီး ဒီစာဆောင်က လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်၊

ဋီကာဆရာတော်၏ အလိုအရ
နီ ဥပသာရပုဒ်ကို နိရ၀သေသ ဟု ဖွင့်တော်မူသောကြောင့် နီဝရဏတရား ငါးပါး (အခြားကွဲလွဲသော အရော အတွက်များရှိသေးသော်လည်း ဤနေရာမှာ ငါးပါးသာ) က ကုသိုလ်ဖြစ်ခြင်းကို အကြွင်းမဲ့တားမြစ်တတ်သည်ဟု အဓိပ္ပါယ်ယူရလေမည်၊

နီဝရဏတို့သဘောမှာ ဈာနန္တရာယော၊ မဂ္ဂန္တရာယော သာဖြစ်သောကြောင့်၊ ဈာန်နှင့် မဂ်ကိုသာ အန္တရာယ်ပြုတတ်လေသည်၊ သဂ္ဂန္တရာယော တည်းဟူသော နတ်ပြည်၏အန္တရာယ်ဖြစ်အောင် မတားမြစ်နှိုင်ပေ၊

နီဝရဏတရားငါးပါးကသာ ကုသိုလ်ကောင်းမှုကို အကြွင်းကျန်မရှိအောင် တားမြစ်နှိုင်ပါလျှင် သံသရာတစ်လျောက်မှာ နီဝရဏ မဖြစ်ဖူးသူ မရှိသောကြောင့် ဘယ်သူမှလည်း ကောင်းသောဘုံဘ၀ကို ရောက်ရဖို့မရှိနှိုင်ပေ။ (အထောက်ထားလိုသေး)

ဒါအပြင် သုတ္တန်ရှု့ထောင့်က ကြည့်ပါလျှင် နီဝရဏတရားတွေက (အကုသိုလ်ဖြစ်သောကြောင့် မကောင်းသည်ကားမှန်၏ သို့သော်) အသုံးပြုတတ်မယ်ဆိုရင်၊ အရင်းအနီးပြုတတ်မယ်ဆိုရင်၊ နီဝရဏတရားတွေကို ရှု့မှတ်ပြီး ညဏ်စဉ်အဆင့်ဆင့် တက်သွားနှိုင်သည်ကို မဟာသတိပဋ္ဌာနသုတ်လာ ဓမ္မာနုပဿနာအခန်းကို ထောက်သောအားဖြင့်၎င်း၊ အဘိဓမ္မာရှု့ထောင့်က ကြည့်ပြန်ပါလျှင်လည်း အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော ကိုထောက်ပြီး ဒီနီဝရဏဖြစ်သော အကုသိုလ်တရားတွေက ကုသိုလ်တရားတွေကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ကိုလည်း တွေ့မြင်နှိုင်လေသည်။

ဒါကြောင့် နီဝရဏတရားတွေက ကုသိုလ်ဖြစ်ခြင်းကို အကြွင်းမဲ့ မတားမြစ်တတ်သည်ကို နားလည်နှိုင်ပေသည်။

ဒါဖြင့် ဋီကာဆရာတော်ဘက်က ဒီဃနိကာယ်ထဲက သာမညဖလသုတ္တ၊ သုဘသုတ္တ၊ ဥဒုဗ္ဗရိကသုတ္တတို့ထဲမှာ၊ မဇ္ဈိမနိကာယ်ထဲက မဟာအဿပုရသုတ္တ၊ မဟာဟတ္ထိပဒေါပမသုတ္တ၊ ကန္ဒရကသုတ္တ၊ ဃောတမုခသုတ္တ၊ မဟာတဏှင်္ခယသုတ္တတို့ထဲမှာ၊ အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတထဲက သီလသုတ္တ၊ အတ္တန္တပသုတ္တတို့ထဲမှာ မြတ်ဗုဒ္ဓက ကာမစ္ဆန္ဒနီဝရဏအစား အဘိဇ္ဈာလို့ ဟောထားသည် မဟုတ်လား၊ အဘိဇ္ဈာက ကမ္မပဒမြောက်တဲ့အတွက် နတ်ပြည်အန္တရာယ်ကို ဖြစ်စေသည်မဟုတ်ပါလားဟု မေးဖွယ်ရှိပေသည်။

မဖြစ်စေပါဟုသာ ဖြေရပေမည်၊ အကြောင်းကား ၎င်းသုတ်တွေထဲမှာ ဟောထားသော အဘိဇ္ဈာသည် ကမ္မပဒမြောက်သော အဘိဇ္ဈာမဟုတ်ပေ၊ ကာမစ္ဆန္ဒနီဝရဏအဓိပ္ပါယ်ဆောင်သော၊ ကာမစ္ဆန္ဒနီဝရဏအဓိပ္ပါယ်ကိုသာယူရ
သော အဘိဇ္ဈာဖြစ်ပြီး၊  ကမ္မပဒမြောက်သော အဘိဇ္ဈာနှင့် ခြားနားသည်ကို ထိုထိုအဖွင့်တို့အရသိနှိုင်ပေသည်၊ (thesis အတွက်သုံးသောအခါတွင် အထောက်ထား အပြည့်စုံထည့်သုံးရန်)။

ဒါကြောင့် ဒီအဖွင့်နေရာမှာ နီဝရဏနှင့် အာဝရဏပုဒ်တို့မှ အာ၊ နီ ဥပသာရပုဒ်တို့ကို အနက်ရှိကြံခြင်းထက် (ဓါတွတ္ထ၀ိသေသကဟုကြံခြင်းထက်)၊ အဋ္ဌကထာဆရာတော်၏ အဖွင့်အတိုင်း ဓါတွတ္ထာနုဝတ္တကဟုကြံခြင်းက ပိုသင့်လျှော်သလို၊ အလားတူ အဖွင့်များစွာကိုလည်း Buddhist literature ထဲမှာ အောက်ပါအတိုင်း များစွာဖွင့်ပြထားသည်ကိုလည်း တွေ့နှိုင်ပေသည်။

၎င်းအဖွင့်တို့ကား ဣတိဝုတ္တက အဋ္ဌကထာ တဏှာသံယောဇနသုတ်အဖွင့်မှာလည်း နီဝရဏကို အပိစ ၀ိသေသေန အ၀ိဇ္ဇာ နိဗ္ဗာနသုခံ နိဝါရေတီတိ နီဝရဏန္တိဝုတ္တာ (၅၅-၅၆) နီဥပသာရပုဒ်ကို ဓာတွတ္ထာနုဝတ္တကအနက်အဖြင့် ဖွင့်ပြတော် မူထားသလို၊ အာဝရဏံ ကာတုန္တိ မာ ဣဓ ပ၀ိသာတိ နီဝရဏံ ကာတုံ (၀ိ၊ဋ္ဌ၊၃၊၂၉၄) မှလည်း အာဝရဏနှင့် နီဝရဏကို ထပ်တူဖွင့်ပြတော်မူထားသလို၊ တဖန် ၀ိဘင်္ဂအဋ္ဌကထာ (၄၈၆) ထဲမှာလည်း ကုသလဓမ္မေ အာဝရန္တိ နိဝါသေန္တီတိ နီဝရဏာနိဟု အာဝရန္တိဖြင့်ပင် နီဝရန္တိကို ဖွင့်ပြတော်မူလေသည်။ (အလားတူ အဖွင့်များစွာ တွေ့နှိုင်ပေသေးသည်)

မှတ်ချတ်၊ စိတ္တဿာတိ ကုသလိစိတ္တဿ၊ ၀ိသေသတော ဈာနစိတ္တဿ၊ အာဒိတော ၀ရဏံ အာဝရဏံ၊ ကိလေသ၀ါသနံ နေတွာ ၀ရဏံ နီဝရဏံဟုဖွင့်သည်၊(၀ိသုဒ္ဓိမဂ်၊ မဟာဋီကာဒု၊ ၄၉၇) အဖွင့်ကဲ့သို့ ကုသိုလ်နှင့်ပတ်သတ်ပြီး ဈာန်ကုသိုလ်ဟု အထူးဖွင့်ပြတော်မူပါကလည်း သင့်တော်ပေမည်။

(thesis ထဲမှာ ခိုင်မာသော statement အပေါ်အခြေခံပြီး paragraph တစ်ခုထဲရေးရန်)

(တောင်မြို့ဆရာတော်က မြန်မာပြန်တော်မူတဲ့အခါမှာ အဲဒီကို ခပ်ဆင်ဆင်တူတဲ့ ပုဒ်တွေကို မြန်မာဝေါဟာရ ကြွယ်ဝစွာပြန်ပေးတော်မူတတ်တယ်၊ မဟာစည်ဆရာတော် တရားဟောတော်မူတဲ့အခါ အဲလိုတူတဲ့ ပုဒ်တွေကို. တွဲပြီး တစ်နက်တည်း ပေးတော်မူတတ်တယ်၊ ဒါကလည်း နေရာပေါ် မူတည်ပြီး ကွဲသွားတာပါ၊

တောင်မြို့ ဆရာတော်က စာသင်သားတွေ အတွက် ကျမ်းစာပြုတဲ့ နေရာမို့ အဲလိုကို ပေးရတယ်၊ မဟာစည်ဆရာတော်လည်း ကျမ်းပြုတဲ့ နေရာမှာဆို ဝေါဟာရကြွယ်ကြွယ်နဲ့ မြန်မာပြန်ပေးတော်မူတတ်တာကို ၀ိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကြည့်ရင် သိနှိုင်ပါတယ်၊ နှစ်ပါးလုံး စကားလုံးအသုံး ခေတ်မှီပုံကတော့ introduction လုပ်နေစရာ မလိုအောင်ကို စာသင်သားတိုင်းသိပါတယ်)

ဆရာတော်တပါးမိန်တော်မူတာ မှတ်သားဖူးတယ် အချင်းချင်း အရှက်များများကွဲလေ၊ scholar တောမှာ အရှက်မကွဲလေပဲတဲ့၊ အခုစာကတပည့်တော် Thesis အတွက်ထဲက တပိုင်းတစပါဘုရား။ မှားတာရှိရင် အားမနာတန်း ဝေဘန်တော်မူလို့ရပါတယ်ဘုရား🙏🙏🙏🙏🙏🙏🙏🙏

စာတွေကများလွန်းသလို၊ အပိုဒ်သိပ်မခွဲတာက ဗဟုဿုတလိုချင်သူက ဘာဖြစ်ဖြစ် သည်းခံဖတ်မှာ ယုံသလို၊ စာခွဲလိုက်ရင် အဓိပ္ပါယ် ကွဲလွဲကုန်မဆိုးလို့ပါဘုရား။

အသျှင်သောပါက (ဓိပေ့အ်သျှင်)

No comments:

Post a Comment