Sunday, September 2, 2018

အ​ခြေခံပါဠိ​ဘာသာဖြင့်​​ဖြေဆိုနည်း"(၁၀)

"အ​ခြေခံပါဠိ​ဘာသာဖြင့်​​ဖြေဆိုနည်း"(၁၀)

ဤ"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း
(၁၀)တွင်​ နာမဝိ​သေသန အ​ကြောင်းများကို
ရေးပြမည်​ ဖြစ်​သည်​။
နာမဝိ​သေသနဟူသည်​ နာမ်​ပုဒ်​ကို အထူးပြူ​သောပုဒ်​တည်း။
(နာမ-နာမ်​ကို၊ဝိ​သေသန၊အထူးပြု​သော ပုဒ်​)

ယင်းနာမဝိ​သေသနသည်​ အမျိုးစားအားဖြင့်
(၇) ရှိသည်​။၎င်းမှာ
၁။တုလျာဓိကရဏဝိ​သေသန။

*ဝိ​သေသ​ယျနှင့်​အရတူ​သော ဝိ​သေသနကို "တုလျာဓိကရဏဝိ​သေသန"ဟု​ခေါ်သည်​။
ဥပမာ-မဟ​န္တော  ပုရိ​သော
မဟ​န္တော၊မြတ်​​သော၊ ပုရိ​သော၊​ယောက်​ကျားတည်း။
ဤ၌ မဟ​န္တောသည်​ ဝိ​သေသန၊ပုရိ​သောသည်
ဝိ​သေသယျ ဖြစ်​သည်​။
ဝိ​သေသနပုဒ်​ကို ​သော၊ထ​သော၊ဖြစ်​ထ​သော စသည်
အနက်​​ပေးပါ။

၂။ဘိန္နာဓိကရဏဝိ​သေသန။

*ဝိ​သေသယျနှင့်​ အရမတူ​သော ဝိ​သေသနပုဒ်​ကို
"ဘိန္နာဓိကရဏဝိ​သေသန"ဟု​ခေါ်သည်​။
ဥပမာ-​ဂေါ​တ္တေန ​ဂေါတ​မော နာ​ထော။
ဂေါ​တ္တေန၊အနွယ်​အားဖြင့်​၊​ဂေါတ​မော၊​ဂေါတမနွယ်​ဖြစ်​​သော၊နာ​ထော၊မြတ်​စွာဘုရားတည်း။
ဤ၌ ​ဂေါ​တ္တေနသည်​ ဘိန္နာဓိကရဏဝိ​သေသနဖြစ်​၏။
ဘိန္နာဓိကရဏဝိ​သေသနပုဒ်​ကို"အားဖြင့်​"ဟုအနက်​​ပေးပါ။
အမှာ-
ဝိဘတ်​သက်​​သော အခါ "ဝိ​သေသ​နေစ"သုတ်​ဖြင့်​သက်​ပါ။

၃။အဘိန္နာဓိကရဏဝိ​သေသန။

ဝိ​သေသယျနှင့်​အရတူဖြစ်​​သော ဝိ​သေသနကို
"အဘိန္နာဓိကရဏဝိ​သေသနဟု​ခေါ်သည်​။
ဥပမာ-
အဘိဓမ္မတ္ထာ၊အဘိဓမ္မတ္ထတရားတိုသည်​။
ပရမတ္ထ​တော၊ပရမတ္ထအားဖြင့်​၊စတုဓာ၊
လေးပါးအပြားရှိကုန်​၏။
အနက်​​ပေး​သော အခါ "အားဖြင့်​" ဟု​ပေးပါ။

၎။ဣတ္ထမ္ဘူတဝိ​သေသန။

ထင်​ရှား​သော အခြင်းအရာဖြင့်​ အထူးပြု​သော
ဝိ​သေသနကို"ဣတ္ထမ္ဘူတဝိ​သေသန"ဟု​ခေါ်သည်​။
ဥပမာ-
အလ္လ​ကေ​သေန၊စိုစွတ်​​သော ဆံပင်​ဖြင့်​၊ ဣတ္ထီ၊
မိန်းမသည်​၊အာဂစ္ဆတိ၊လာ၏။
ဤ၌ အလ္လ​ကေ​သေနသည်​"ဣတ္ထမ္ဘူဝိ​သေသနမည်​၏။
အနက်​​ပေး​သော အခါ "ဖြင့်​"ဟု​ပေးပါ။

၅။အင်္ဂဝိကာရဝိ​သေသန။

ချွတ်​ယွင်းပျက်​စီး​သော အင်္ဂါအစိတ်​ပိုင့်​ဖြင့်​ အထူးပြုအပ်​​သော ဝိ​သေသနကို "အင်္ဂဝိကာရဝိ​သေသန"ဟု ​ခေါ်သည်​။
ဥပမာ-
အက္ခိနာ၊မျက်​စိဖြင့်​၊ကာ​ဏော၊ကန်းသူတည်း။
အနက်​​ပေး​သောအခါ" ဖြင့်​"ဟု​ပေးပါ။

၆။သရူပဒ ဿ နဝိ​သေသန။

ဝိ​သေသယျ၏သရုပ်​ကိုပြ​သော ဝိ​သေသနကို
"သရူပဒ ဿ န ဝိ​သေသနဟု​ခေါ်သည်​။
ဥပမာ-
မဟဂ္ဂတဝိပါကာနိမဟဂ္ဂုဝိပါတ်
စိတ်​တို့သည်​၊ပဋိသန္ဓိစုတိဘဝင်္ဂဝ​သေန၊ပဋိသ​န္ဓိ၊စုတိ၊ဘဝင်​တို့၏အစွမ်းအားဖြင့်​၊တိကိစ္စာနိ၊၃ ကိစ္စတပ်​ကုန်​သည်​။
ဟောန္တိ၊ကုန်​၏။

ရ။ကာရကနာမဝိ​သေသန။

ကာရကဖြစ်​လျက်​ အထူးပြု​သော ဝိ​သေသနကို
ကာရကဝိ​သေသနဟု​ခေါ်သည်​။
အထူးဖြင့်​သည့်​ ကာရကမှာ
-သမ္ပဒါန ကာရက
မမ အတ္ထာယ စီဝရံ အတိသုန္ဒရံ။
မမ၊ငါ၏၊အတ္ထာယ၊အကျိုးငှါ၊
စီဝရံ၊ချုပ်​စပ်​အပ်​​သော သင်္ကန်းသည်​၊အတိသုန္ဒရံ၊
အလွန်​​ကောင်း၏။

-အပါဒါနကာရက
ဝေသာလိယာ၊​ဝေသာလီပြည်​မှ၊အာဂတာ၊
ကြွလာကုန်​​သော ရဟန်းတို့သည်​၊ဧဝံ၊ဤသို့၊
ဝဒန္တိ၊ဆိုကြကုန်​။
-သတ္တမီ အာဓာရကာရက
ဥပမာ-
ဝေသာလိယံ၊​ဝေသာလီပြည်​၌၊ဝသ​န္တော၊​နေ​သော၊
ဘိက္ခု၊ရဟန်းမည်​၏။

ဤသို့လျင်
ဝိ​သေသန(၇)မျိုးရှိသည်​ဟုမှတ်​ပါ။

ပါဠိဘာသာဖြင့်​​ဖြေဆိုရာတွင်
တုလျာဓိကရဏဝိ​သေသနနှင့်​သရူပဒ ဿ န
ဝိ​သေသနသည်​ အသုံးအများဆုံး​သော ဝိ​သေသနများ
ဖြစ်​​သော​ကြောင့်​ ပိုမို၍ ​လေ့လာဖို့ လိုအပ်​သည်​။
အထူးသဖြင့်​ ဝါကျ​ရေးရာမှာ
ကြိယာနှင့်​အနီးကပ်​ဆုံး​သော ကတ္တားပုဒ်​ကိုကြည့်​၍
လိင်​ချ​ရေးရသည်​။
ဥပမာ-
ပုရိ​သောစ ဣတ္ထီစ အာဂတာ။
ဤ၍ ဣတ္ထီ ကိုငဲ့၍ အာဂတာ ဟု ဣတ္ထိလိင်​ဖြင့်
ရေးသည်​ကို သတိပြုပါ​လေ။
ဣတ္ထီစ ပုရိ​သောစ အာဂ​တော။
ဤပုံစံ၌လည်း ထိုနည်းတူစွာ မှတ်​ပါ။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment