"အခြေခံပါဠိဘာသာဖြင့်ဖြေဆိုနည်း"(၈)
ကိတ်-ကတ္တားဟော၊ကံဟောဝါကျအတွက်
ကတ္တားဟောရေးလိုပါက
ကတ္တားနှင့်ကြိယာကို လိင်ဝုစ်တူအောင်ရေးရသည်။
ကျန်အချက်များကို အာချာတ်အတိုင်း နည်းမှီပါ။
ဥပမာ-
မနုေဿာ မဂ္ဂံ ဂတော။
မနုဿာ မဂ္ဂံ ဂတာ။
(နပုလ္လိင်၊ဣတ္ထိလိင် နည်းမှီပါ)
ကိတ်ကတ္တားဟောဝါကျ၌-
ကတ္တားဟော တှဏွှုဏှီတှုအာဝီပစ္စည်းဖြင့်
ကိတ်ကတ္တားဟော ဝါကျကိုရေးပါ။
ဥပမာ-ပုရိသော ဒါယကော။
ဘိက္ခု ဘယဒဿာဝီ စသည်။
ယှုဏွှုတုမှီ၊ဤသုံးလီ၊ဆဋ္ဌီကံနေစေ-အရ
ဝါကျရေးသောအခါ ကံပုဒ်ကို ဆဋ္ဌီဝိဘတ်ဖြင့်
ရေးနိုင်သည်ကို သတိပြုပါ။
ကိတ်-ကံဟောဝါကျရေးရာ၌
၁။ကြိယာကို ကံဟော တပစ္စည်းဖြင့်ရေးရသည်။
၂။ကံနှင့်ကြိယာ လိင်၊ဝုဒ် တူအောင်ရေးရသည်။
၃။ကတ္တားစသည်ကို လိင် ၃ပါး၊ဝုစ် ၂ပါး
အဆင်ပြေအောင် ရေးရသည်။
ကံဟော တှပစ္စည်း အပြင် တဗ္ဗှ အနီယ
ပစ္စည်းများကိုလည်း ကံဟောဝါကျ၌ အလျင်း
သင့်သလို အသုံးပြုရေးသားနိုင်သည်။
*အောက်ပါ ပါဠိဝါကျ များကို လေ့လာပါ။
ပုရိသေန ကမ္မံ ကတံ
ပုရိသေန ကမ္မာနိ ကတာနိ
ပုရိသေဟိ ကမ္မံ ကတံ
ပုရိသေဟိ ကမ္မာနိ ကတာနိ။
ဘိက္ခုနာ ဂါမော ဂန္တဗ္ဗော
ဘိက္ခုနာ ဂါမာ ဂန္တဗ္ဗာ
ဘိက္ခူ ဟိ ဂါမော ဂန္တဗ္ဗော
ဘိက္ခူဟိ ဂါမာ ဂန္တဗ္ဗာ။
ပုရိသေန ဝါစာ ကထိတာ။
ဘိက္ခုနာ ဓမ္မော ဘာသိတော။
ဗုဒ္ဓေန ဓမ္မော ဒေသိတော။
ကိတ်ဘောဟောဝါကျရေးရာ၌
၁။ကြိယာကို ဘောဟော တဗ္ဗှအနီယ ဖြင့်ရေးပါ။
၂။ကြိယာကို နပုလ္လိင် ဧကဝုစ် အမြဲထားပါ။
၃။ကံ-ပုဒ်ကို အာချာတ် ဘောဟောမှာကဲ့သို့
ဒုတိယာ၊ဆဋ္ဌီ ဝိဘတ်ဖြင့် ရေးပါ။
ဥပမာ-
ဘိက္ခုနာ ဂါမံ ဂန္တဗ္ဗံ။
ဘိက္ခုနာ ဂါမဿ ဂန္တဗ္ဗံ။
ကိတ်-ကတ္တား၊ကံ၊ဘော ဟောဝါကျ
ရေးပြီးတဲ့နောက်
နာမ်ကို နာမ်ချင်း
(နာမသတ်) ဝါကျရေးတတ်ဖို့လိုသည်။
နာမသတ်ဝါကျရေးရာ၌-
၁။အဆုံးသတ်တွင် ဆရာပင်တည်း။
တပည့်ပင်တည်၊ယောက်ကျားပင်တည်း
မိန်းမပင်တည်း စသည်ပါသော နာမသတ်ဝါကျ။
၂။ကတ္တားကို ပထမာ၊ကံကိုဒုတိယာဖြင့်ရေးပါ။
၃။ကြိယာကို နာမနာမ်၊သဗ္ဗနာမ် ကြိုက်နှစ်သက်ရာရေးပါ။
၎။ကြိယာကို ကတ္တားနှင့်ဝိဘတ်တူရေးပါ။
၅။ကတ္တားနှင့်ကြိယာ လိင်၊ဝုစ် တူအောင်ရေးပါ။
အောက်ပါပုံစံကို လေ့လာကြည့်ပါ။
၁။အယံ ရေဝတော နာမ(နာမနာမ်)
၂။အယံ ရာဇကုမာရော (သမာသ်နာမ်)
၃။အယံ ဝါသေဋ္ဌော(တဒ္ဓိတ်နာမ်)
၎။အယံ ဗုဒ္ဓေါ(ကိတ်နာမ်)
ပါဠိဖြေနည်း၊ပါဠိဝါကျရေးနည်းသည်
လေ့ကျင့်ရေးသားနေမှ တော်ကာကျမည်ဖြစ်၍
လေ့ကျင့်ချိန်ကို သီးခြားသတ်မှတ်ထားပါ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment